~26~

7K 1.2K 91
                                    

အခန်း (၂၆) - ထုထု ငကြွားလေး။

ထုထုတို့ပက်လက်လှန်ပြီးဖုန်းပွတ်နေပါတယ် ။ ခြေထောက်ကို ကြက်ခြေခတ်ပုံထောင်ထားရင်း ဖုန်းကိုပေါင်မှာမှီလို့သူပွတ်နေတာ ။

Alpha က ယုန်တွေဒီလိုဖုန်းဆော့နိုင်ကြောင်းမသိခဲ့တာမို့ သေချာလေ့လာကြည့်ရှုနေတယ် ။ ဒါပေမဲ့သူ့မြင်ကွင်းကနေဆိုရင် ယုန်တွင်းဝရဲရဲလေးကိုကြွားသလိုဖြစ်နေတဲ့ ယုန်အနေအထိုင်​ကောင့်သူမျက်နှာလွှဲလိုက်ရတယ် ။

ယုန်ကညောင်းလာတော့သူ့သခင်ရှိရာပက်ဘက်အတိုင်း တီကောင်လိုရွေ့လာတယ်။ အိပ်ယာပေါ်ကနေဘုတ်ခနဲလှိမ့်ဆင်းပြီး ကြမ်းပြင်ပေါ်ရောက်တော့ တီကောင်ဆက်လှုပ်တယ်။ လမ်းမှာလင်းမြွေနဲ့တိုးတယ် ။ မြွေထက်တွန့်လိမ်နေတဲ့ယုန်ကို လင်းမြွေကသေချာကြည့်နေပါတယ် ။

ခြေရောလက်ရောမြှောက်ပါတယ်ငါ့ကောင်ရယ် ။ ယုန်ကသူ့ကိုအကြည့်တစ်ချက်သာပေးပြီး သူဖက်တွယ်ထားတဲ့ဖုန်းလေးကိုကြွားတယ်။ ပြနင်းဝမှာ Sky လာနားတော့ လင်းမြွေဆံပင်တွေထောင်သွားတယ် ။မြွေဆိုတာ ငှက်အစာမဟုတ်ပါလား ။ Sky ကတော့ရုပ်ဆိုးတဲ့မြွေကိုစိတ်မဝင်စား ၊ သူ့သခင်ကိုသာကြည့်နေတယ် ။

"ဒီနေ့နားလိုက် "

Alpha ရဲ့စကားဆုံးတော့ Sky က ဦးညွှတ်ပြီးပျံသန်းသွားတော့ ။ ယုန်ကတွန့်လိမ်လိမ်နဲ့သူ့သခင်ခြေထောက်နားရောက်တော့ခြေထောက်ပေါ်တက်အိပ်လိုက်တယ် ။ ဖုန်းကို Alpha ရဲ့စားပွဲခြေထောက်မှာထောင်ထားပြီး Alpha ရဲ့ခြေထောက်ကတော့သူ့ခေါင်းအုံးသဖွယ် ။ ခြေနှစ်ဖက်ကို Alpha ရဲ့ခြေတံရှည်မှာခွထားတယ် ။

Alpha ကပြုံးပြီးသူ့ခြေထောက်ကိုဒန်းသဖွယ်
ညင်ညင်သာသာလွှဲယမ်းလိုက်တယ် ။ ယုန်က ခြေထောက်ဒန်းကိုစိတ်ဝင်စားသွားပြီး ငုတ်တုတ်လေးထိုင်လို့ ဒန်းစီးဖို့အသင့်ပြင်နေပါတယ် ။

Alpha က ခြေထောက်တွေညောင်းလာတဲ့ထိလွှဲယမ်းပေးခဲ့တယ် ။ Alpha ရဲ့ ခြေထောက်ဖက်ရင်းရယ်နေတဲ့ယုန်က တစ်လောကလုံးမှာကံအကောင်းဆုံးယုန်ပေါက်ငယ်။

Alpha ရေထသောက်တော့ ယုန်ကခြေထောက်ကိုဖက်လျက်သားအတိုင်း လိုက်လာတယ် ။ အစေခံတွေကခပ်နဲ့နဲ့လျှောက်နေတဲ့ ထောင်းဆောင်ကိုစိတ်ပူသွားပြီးမှခြေထောက်ခိုလိုက်လာတဲ့ယုန်ကိုမြင်ပြီးနှုတ်ဆိတ်သွားတော့တယ် ။

Xiao Tu Tu and Leo Where stories live. Discover now