~92~

1.9K 357 18
                                    

"ထုထုလှတာ ထုထုသိတယ် "

"ထုထုအရမ်းလှဒယ်း "

"သခင်လည်းရမ်းမိုက်ဒဲးးနေားး"

ထုံးစံအတိုင်း အမှောင်ထုမပြယ်သေးတဲ့ ဒီလိုအချိန်မှာသူ့အိပ်မက်တွေက ဆက်မက်လာခဲ့ပြန်တယ် ။ နိုးနိုးချင်မှန်ကိုကြည့်မိတော့ လရောင်ဟပ်နေတဲ့သူ့မျက်နှာလေးကပုံမှန်ထက်ချစ်စရာကောင်းနေသလိုလို ။ ရှုပ်ပွနေတဲ့ဆံပင်လေးကိုလက်နဲ့အသာစုပြီး မမအခန်းထဲကနှိုက်ထားတဲ့ ခေါင်းစည်းကွင်းနှစ်ကွင်းနဲ့ဟိုဘက်သည်ဘက်နှစ်ဖက်ဖြစ်အောင်ခွဲစည်းလိုက်တယ် ။

ရှောင်းကျန့်ခုတလော တအားချစ်ဖို့ကောင်းလာသလိုပဲ ။ ခြံထဲမှာလိုနေပူပူအောက်အလုပ်မလုပ်ရတော့လို့ထင်တယ် ။ မှန်နားကပ်ကြည့်တော့လည်းမျက်နှာလေးကဝင်းနေရောပဲ ။
ရှောင်းကျန့် နှုတ်ခမ်းလေးထော်ပြီးအသာပွတ်ကြည့်လိုက်တယ် ။ နှုတ်ခမ်းလေးလည်းအရင်လိုဖြူလျော်လျော်မဟုတ်တော့ဘဲ ရဲလာပြီ ။

အစအဆုံးအနောက်ကကြည့်နေတဲ့ ယုန်ဖြူကတော့ ကျေကျေနပ်နပ်ပြုံးလို့ ။ ရှောင်းကျန့်လည်း မှန်ထဲကနေတဆင့်သူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးစိမ်းလေးတွေကိုမြင်သွားပြီး အနောက်လှည့်လာခဲ့တယ် ။ အဖြစ်အပျက်တွေပြီးဆုံးပြီးနောက်ရက်မှာ မမကမမေ့မလျော့ယုန်အိမ်လေးတစ်လုံးဝယ်လာပေးပါတယ် ။ ယုန်အိမ်ထဲမှာတော့အညိုလုံးလေးကိုသိပ်ပြီး သူ့ယုန်ကသူနဲ့အတူအိပ်တုန်းပဲလေ ။

"ဒီနေ့အပြင်သွားခဲ့သေးလား "

ယုန်ဖြူက ခေါင်းအသာညိတ်လိုက်တယ် ။ ရှောင်းကျန့်ယုန်နဲ့ပွတ်သပ်နေရင်း ကမ်းနားမှာတွေးခဲ့တဲ့အတွေးတွေကိုပြန်သတိရလာခဲ့တယ် ။
သူအဲ့နေ့ကမနမ်းလိုက်ရဘူး ။

လှုပ်စိလှုပ်စိဖြစ်နေတဲ့ရှောင်းကျန့်ငြိမ်ကျသွားပြီး
ယုန်နားတိုးသွားလိုက်တယ် ။ ယုန်ကသူ့ကိုမျက်တောင်မခတ်ကြည့်နေရင်း ခေါင်းစည်းထားရာကနေပြေကျလာတဲ့ဆံနွယ်အချို့ကိုအသာသပ်တင်ပေးတယ် ။

"အား ရှောင်းကျန့်ရှက်တယ် "

ယုန်ဖြူက ရယ်တယ် ။ သူ့ကောင်ငယ်လေးကလည်းရှက်တတ်သေးတယ်တဲ့လား ။ သူမှတ်မိသလောက်တော့ သူရေချိုးတိုင်းမျက်လုံးပြူးနိုင်သမျှပြူးရင်းငေးတတ်သူလေးပါလေ ။ လက်ချောင်းလေးတွေနဲ့မျက်နှာကိုအသာဖွက်ထားတဲ့ကောင်လေးကို သူအသာစောင့်ကြည့်နေပြီး လက်ချောင်းတွေပြေဟလာတာနဲ့ ထိုကြားမိမိမျက်နှာလေးတိုးဝင်ကာ လွမ်းရလွန်းတဲ့နှုတ်ခမ်းပါးနုနုလေးကိုအသာဖိကပ်နမ်းလိုက်တယ် ။ လွမ်းလိုက်ရတာ ။

Xiao Tu Tu and Leo Kde žijí příběhy. Začni objevovat