~23~

7.6K 1.2K 109
                                    

အခန်း (၂၃) - အာ့အာ့ သခင်ရယ် ဖြည်းဖြည်းလုပ်ပါ ။ ညင်သာပေးပါဦးနော် ။

ငှက်မွေးတောင်ဦးထုပ်နဲ့လန်ထွက်နေတဲ့ထုထုကိုသခင်ကခေါင်းဖြီးစုတ်တံလေးနဲ့အမွှေးရှင်းပေးနေတယ် ။ ထုထုအဆော့လွန်ပြီးအမွှေးကပ်နေတဲ့နေရာက Brush နဲ့ ညိပြီးနာသွားတာပဲ ။ အာ့ နာလိုက်တာလို့  ဖြည်းဖြည်းလုပ်ပါသခင်ရဲ့ ။ ထုထုက ဖင်ခါပြီးအမွှေးတွေဝဲပစ်လိုက်တယ် ။

သူ့ယုန်မှန်ကြည့်လို့ဝမဲ့အချိန်ထိစောင့်ပေးနေပေမဲ့ Alpha နာရီတကြည့်ကြည့်လုပ်နေတာ လက်အံသာသေသွားမယ် သူ့ယုန်ကမှန်ကိုဖြဲပြလိုက်ပြုံးပြလိုက်နဲ့ Acting ကျင့်လို့မဝရှာဘူး။

ယုန်က သခင့်ရှေ့ဘယ်ပုံလေးဆိုချစ်ဖို့ကောင်းမလဲတွေးနေတာပါ ။ အခုတလော သခင့်ရှေ့အစာတွေကို လုစားလိုက် ၊အကျယ်ကြီးအော်လိုက်၊ ပါးစပ်ကြီးဟပြီးအိပ်လိုက် နဲ့ထုထုကိုသခင်မချစ်တော့မှာစိုးတယ် ။

Alpha က ဆက်စောင့်ဖို့မဖြစ်နိုင်တော့တာမို့ သူ့ယုန်ကိုပွေ့ချီပြီး အိပ်ယာပေါ်လှဲလိုက်တယ် ။ သူအလုပ်ကနေပြန်ရောက်ထဲကယုန်ကိုပြုစုနေရတာ ခါးတွေတောင့်လှပြီ ။ Sky က ယုန်ဆော့ထားတဲ့ကစားစရာတွေကိုမကြည်မလင်နဲ့သိမ်းပေးနေတယ် ။ Sky က သားရဲကောင်ပေမဲ့အသန့်သိပ်ကြိုက်တယ် ။

ထုထုသခင့်ပေါ်ပေါင်လေးကားပြီးပက်လက်အိပ်လိုက်တယ် ။ သခင်ကဖုန်းဖွင့်ပြီးစာတွေဖတ်နေတော့ ထုထုအူယားပြီးနည်းနည်းဆွဲပွတ်လိုက်တာပေါ့ ။ သခင်ပွတ်တုန်းကရွေ့တဲ့ဖုန်းက ထုထုပွတ်တော့ငြိမ်နေတယ် ။ထုထုစိတ်တိုလာပြီးဖုန်းကိုရိုက်ပုတ်ပစ်လိုက်တယ် ။

"ဟေး စိတ်လျှော့ပါဦး ၊ ကိုယ်လုပ်ပေးမယ် "

Alpha က ဖုန်းရဲ့ Security နဲ့အာရုံခံကိရိယာထဲဝင်ပြီး Face Lock နေရာ ဒုတိယပိုင်ရှင်ကိုရွေးပြီးသူ့ယုန်ကိုဓာတ်ပုံရိုက်ထည့်ပေးလိုက်တယ် ။
ဖုန်းအာရုံခံကိရိယာထဲ သူ့ယုန်ရဲ့လက်နဲ့အထိအတွေ့ကို ထည့်သွင်းလိုက်တယ် ။

"ဖုန်းကိုထိကြည့် "

သည်တစ်ကြိမ်တော့ယုန်ရဲ့လက်ထိတာနဲ့ Screen ကပွင့်လာတယ် ။

Xiao Tu Tu and Leo Where stories live. Discover now