~45~

7.1K 1.2K 114
                                    

အခန်း (၄၅)  - လူကြီးလေးတွေရဲ့ရေးရာ နည်းနည်းလောက်ပြောကြတာဘော့ ။

ထုထု ဖင်ထိုင်လျက်သားလေးထိုင်ပြီး အဝတ်ဝတ်နေတဲ့ သခင့်ကိုခိုးကြည့်နေတယ် ။ ထုထုဖင်အောက်မှာတစ်ခုခုလည်းဖွက်ထားသေးတယ် ။

"Sean ကိုယ့်ခါးပါတ်တွေ့မိ ... "

ယုန်ကအေ့ဂနဲ ဂျို့ထိုးသွားတယ် ။

ထုထု... ထုထု ဖျက်ဆီးတာဟုတ်ပါဘူး ။ ထုထုက... ထုထုက သခင့်ခါးပါတ်ကို Fashion အမြင်နဲ့ ဆန်းသစ်ပေးထားတာပါ ။

ခါးပတ်တစ်ချောင်းလုံးက အနားသားတွေမွစာကျဲအောင် ကိုက်ခံထားရပါတယ် ။ ယုန်ကသူ့သခင်ကိုမျက်လုံးလေးလှန်ကြည့်ရင်းကျောက်ရုပ်ဖြစ်သွားယောင်ဆောင်နေတယ် ။ ရုတ်တရတ်သေလို့တော့မရဘူးလေ  ။အဲ့တော့ ကျောက်ရုပ်လုပ်မှာပေါ့ ။

"ကိုယ့်အသေးလေးက ကိုက်လိုက်ပြီပဲ သွားနာသွားသေးလား "

သခင်မဆူဘူးဟ ။ ထုထု ကျောက်ဖျက် ။ ကျောက်ရုပ်ထုထုကမတ်တပ်လေးရပ်ပြီးခြေလေးမလိုက်ချလိုက်ကုန်းကွလိုက်နဲ့သူ့သခင်ကိုမျိုးစုံလုပ်ပြပြီးစနေတယ်။

"ခါးပါတ်မပါတော့... လူတွေက ကိုယ့်ဘောင်းဘီကိုဖြုတ်ဖို့လွယ်သွားပြီအဲ့ဒါပြဿနာပဲ "

ယုန်ကမတ်တပ်ရပ်လေးနဲ့သွားအပြူးသားဖြစ်နေတယ် ။ပါးစပ်တစ်ခြမ်းကလည်း ' Wait What?  ' အထာနဲ့ပင့်တက်နေပါသေးတယ် ။

Alpha က မျက်ခုံးပင့်ပြီးဇစ်ဆွဲချပြလိုက်တော့ ယုန်ကသည်လိုပြောတာမကြိုက်ကြောင်းခြေဆောင့်ပြတယ်။

"​ကြိုက်တဲ့သူချွတ်ပါစေတော့ ဒီအတိုင်းသွားလိုက်မယ် "

ယုန်ကမခံစားနိုင်တော့ဘဲ အိပ်ယာပေါ်လှဲချလို့ကော့ထိုးလန်ရင်း တဘုန်းဘုန်းနဲ့ထုနေပါတော့တယ် ။ သူက အသံစူးစူးနဲ့အော်ငိုလို့နေတယ်။

ထုထုနောက်မကိုက်တော့ပါဘူးလို့။

ပြောရင်လည်းယုံဖို့ခက်ပါရဲ့ ။ တစ်မိုးအောက်က သက်ဦးဆံပိုင်အာဏာရှင်မှာခါးပါတ်တစ်ချောင်းတောင်ကျန်မနေတော့ဘူး ။ နောက်တစ်ခါကိုက်ရင်ဆူမယ်ဆိုပြီးခြောက်တတ်ပေမဲ့တကယ်မှမဆူခဲ့ရက်ပဲ ။ သည်လိုနဲ့ရှိသမျှခါးပါတ်အကုန်ကုန်သွားခဲ့တယ် ။

Xiao Tu Tu and Leo Where stories live. Discover now