~75~

3.5K 465 17
                                    

အခန်း (၇၅) - ထုထုကြွချီလာပါပြီးးး ။

Alpha က နန်းဝတ်နန်းစားအပြည့်အစုံကိုဝတ်ဆင်ပြီးနောက် ကပ်ညိနေတဲ့ယုန်မွှေးလေးတွေကို အသာခါလိုက်တယ် ။ ခြေထောက်မှာတွယ်ကပ်တက်နေပြီး ဖိနပ်ကိုဝိုင်းကိုက်နေကြတဲ့ကလေးတွေက ဘောလုံးလေးတွေလို လုံးလို့ ။

Olivia က ကူညီဖို့ရောက်လာခဲ့ပြီး ကလေးတွေကိုသေချာလေးပြင်ဆင်ပေးဖို့ခေါ်ထုတ်သွားတယ် ။

တစ်ခန်းလုံးမှာဝေ့ဝဲနေတဲ့မြက်တွေ ၊ ကလေးတွေဆော့တဲ့ယာယီအိမ်လေးတွေနဲ့ပြည့်ကျပ်နေတာကိုကြည့်ပြီး Alpha ကပြုံးလိုက်တယ် ။ အရင်နှစ်တွေကတော့ သူ့အခန်းဟာအမြဲလိုလို ဖုန်တစ်စက်မရှိဘဲ အခန်းလွတ်တစ်ခုနီးပါး သပ်ရပ်နေခဲ့တာ ။ အခုတော့ကလေးတွေပြုတ်ကျနိုင်မဲ့နေရာ ၊ Sean အဆော့လွန်ပြီးထိခိုက်နိုင်မဲ့နေရာတွေအကုန်လုံးမှာ ကလေးဆန်ဆန်ပြင်ဆင်မွမ်းမံမှုတွေနဲ့ ပြင်ပေးထားတယ် ။ တံခါးတိုင်းမှာလည်းယုန်ဝင်ထွက်နိုင်တဲ့အပေါက်ငယ်တွေရှိသလို ၊ လှေကားမှာလည်းယုန်တွေပြေးဆင်းရလွယ်မဲ့ လျှောလေးတွေအပြည့် ။

အဆောင်တော်တစ်ခုလုံးက Sean ရောက်လာပြီးထဲပြောင်းလဲသွားခဲ့တာ ။ အဆောင်တော်သခင် သူကိုယ်တိုင်ရောပေါ့ ။

Alpha အတွေးလွန်နေတုန်းစလွယ်တစ်ခုသယ်လာတဲ့ ယုန်ဖေကြီးက မှန်ထဲတစ်ချက်ကြည့်လိုက်တယ် ။

ဒီနေ့လည်းလှနေပြန်ရော ။ ခန့်တာနော်အရမ်း ။
ဗလတွေလည်းထွက်နေတာယော ။ ကြည့်ပါဦးဗိုက်ကလေးမှာ ဗလအလုံးလိုက် ။

ကိ ကိ ကိ ။ ယုန်ကပါးစပ်လေးပိတ်ပြီး ပခုံးတလှုပ်လှုပ်နဲ့ ရယ်လိုက်တယ် ။ ရမ်းချောတော့လည်းလေ မှန်ကြည့်တိုင်းရယ်ရတာပေါ့ ။ ရမ်းကျေနပ်တာလေနော သခင်း ။

ယုန်က Alpha ကို ပြုံးတုံ့တုံ့လေးမော့ကြည့်ပြီး ထောက်ခံမှုတောင်းလိုက်တယ် ။ Alpha က စလွယ်ကိုယူပတ်လိုက်ပြီး ယုန်ကိုတော့တစ်ကိုယ်လုံးမွမွလေးနမ်းလိုက်တယ် ။

သွားပါနော် ။ အသားရောအမွှေးရော စောစောနဲ့စီးစီးလာယူနေပါတယ်ဗျို့ ။

ပန်းလှေပွဲတော်မတိုင်မီမှာသူတို့သားရဲနယ်ထဲသွားရောက်လည်ပတ်ဖို့ အစီအစဥ်ရှိခဲ့တာဖြစ်တယ် ။ Sean အတွက်လည်းမျှော်လင့်ချက်လေးများရနိုင်မလားဆိုတဲ့ သူ့မျှော်လင့်ချက်ပေါ့ ။

Xiao Tu Tu and Leo Where stories live. Discover now