~52~

6.9K 1.1K 97
                                    

အခန်း (၅၂) - ယုန်မျောက်မူးလဲ ။

သက်သာလာတဲ့ထုထုက အိပ်ယာပေါ်ကနေထွက်ခွင့်ရတာနဲ့အကြောဆန့်ပြီးပြင်ပလေကိုတဝကြီးရှုလိုက်တယ် ။ မြေကပ်ပန်းလေးတွေပေါ်ခုန်ဆော့ရင်း ပန်းဖူးအိအိလေးတွေကိုတလှုပ်လှုပ်ကိုက်စားလိုက်သေးတယ် ။

"Sean"

Alpha က ရုတ်တရတ်လှမ်းခေါ်လိုက်တော့ ထုထုတစ်ပတ်လည်အောင်ထခုန်မိတဲ့အထိလန့်သွားတယ် ။

"ဟောဗျာ ကိုယ်ဘာလုပ်လို့လန့်သွားတာလဲ "

ထုထုကသူ့သခင်ကိုရယ်ပြပြီးသူရှာတွေ့ထားတဲ့ကြွက်တွင်းကိုဆက်နှိုက်တယ် ။ တွင်းက ကြွက်တွင်းမှန်းသိသာနေတာမို့ Alpha က သူ့ယုန်ကိုခွင့်ပြုပေးထားတယ် ။ တွင်းထဲကမုယ်တစ်ဝက်ဝင်နှိုက်နေတဲ့ယုန်ပြုတ်မကျအောင်ခြေထောက်လေးတွေဆွဲထားပေးတဲ့အခါယုန်ကပိုရဲတင်းစွာနဲ့ဝင်နှိုက်တယ် ။ ထို့နောက်တွင်းသေးသေးလေးထဲတဝုန်းဝုန်းပဲဲဖသ်ပြီးသွားတဲ့အခါယုန်ရဲ့လက်ထဲကြွက်လေးတစ်ကောင်ကရုန်းကန်ရင်းပါလာပါတယ် ။

ဟဲ ။

ယုန်ကိုပြေးချင်နေတဲ့ကြွက်ကိုဖမ်းထားပြီးတနူးတညံ့ခေါင်းပုတ်ပေးတယ် ။

လိမ်လိမ်မာမာနေရင်ထုထုမုန့်ကျွေးမှာနော ။

Alpha က အလိုက်သိစွာနဲ့ယုန်ရဲ့မုန့်အနည်းငယ်ကို ပေးလိုက်တယ် ။ ယုန်ကကြွက်ကိုခွံ့တော့ကြွက်ကလေးငြိမ်ကျသွားပါတယ် ။

ယုန်က သူ့သခင်ကိုမျက်ဝန်းတောက်တောက်တွေနဲ့မော့ကြည့်တော့ Alpha ချက်ချင်းခေါင်းခါလိုက်တယ် ။

"နန်းဆောင်ထဲများနေပြီ ထပ်မခေါ်လာရဘူး "

ယုန်ကခြေထောက်ဆောင့်ပြီး Alpha ကိုဖင်ပေးသွားတော့တယ် ။

*****

ညစ်ပေတူးအောင်ဆော့ထားတဲ့ယုန်ကို ဆပ်ပြာမြှုပ်အပြည့်နဲ့ရေနွေးနွေးလေးထဲစိမ်ပေးပြီး သန့်ရှင်းရေးလုပ်ပေးနေတဲ့ Alpha ။ ယုန်ကဘဲရုပ်ကိုလိုက်ဖမ်းနေတာမို့ ခြေထောက်လေးအသာပြန်ဆွဲထားရတယ် ။ အငြိမ်မနေလွန်းတာကြောင့်တင်ပါးလုံးလေးကိုခပ်ဆတ်ဆတ်ရိုက်တော့ ယုန်ကဖင်ကိုပွတ်ရင်းမျက်စောင်းထိုးတယ် ။ ဒါပေမဲ့ ငြိမ်ဆေးကျွေးလိုက်သလိုငြိမ်ကျသွားတာမို့ Alpha ပြုံးလိုက်မိသည်။

အညစ်အကြေးတွေပြောင်သွားတဲ့အခါရေသန်နဲ့အမြှုပ်တွေဆေးချပြီး စုတ်ဖွားလေးဖြစ်နေတဲ့ ယုန်လုံးကိုသူငုံထားလိုက်တယ် ။ Alpha က အရွံအရှာဆိုတာနားမလည်တော့ ။ သူသိတာက ယုန်ကိုမှီရာကိုက်ငုံဖို့ပဲ ။

တဘက်နဲ့အကြမ်းထည်ရေသုတ်ပြီးတဲ့အခါ Dryer နဲ့သူမှုတ်ပေးလိုက်တယ် ။ ယုန်ကမတ်တပ်ရပ်လာပြီး လေတွေကိုသူ့လက်လေးနဲ့တဖတ်ဖတ်နဲ့ချတယ် ။ Alpha ရဲ့မြင်ကွင်းထဲမှာတော့ သူ့ကိုဖျော်ဖြေနေသလိုပဲ ။

အမွှေးလုံးလေးက မတ်တပ်ရပ်လို့လေကိုလက်ပုတိုသေးသေးလေးတွေနဲ့ မရပ်မနားရိုက်နေခဲ့တာလေ ။ ယုန် ခြောက်သွေ့သန့်စင်သွားတာနဲ့ Alpha က အကြာကြီးပစ်ထားခဲ့တဲ့ အလုပ်တွေစလုပ်တယ် ။ အစီရင်ခံစာတွေသူစစ်နေတုန်း ယုန်က Laptop နောက်ရောက်လာပြီး အမြီးတလှုပ်လှုပ်နဲ့ပုန်းနေပါတယ် ။

လက်သေးသေးလေးတွေက Laptop ဘေးက နို့ခွက်ကိုနှိုက်ချင်နေတာ ။ Alpha က နို့ပူတွေကိုအေးသွားအောင်မှုတ်ပြီးမှပြန်ချပေးထားလိုက်တယ် ။ နို့ခွက်ထဲလက်လေးနှစ်ပြီး လျက်နေတဲ့ယုန်ကိုသူတားမနေတော့ ။ ရေချိုးပြီးတာနဲ့စညစ်ပတ်ပြီ ။

ယုန်ကိုယ်နဲ့ ရေခဏခဏထိရင်ပင်ပန်းမှာစိုးတာကြောင့်သူပုံပြန်ပြောင်းပေးတော့ Sean ကနို့ကိုလျှာလေးနဲ့ကုန်းလျက်တယ် ။

"လက်နဲ့​ကိုင်သောက်လေ Sean "

Sean က ပြန်မပြောနားမထောင်လုပ်နေပြီးသူသောက်လို့ဝတာနဲ့ အကျန်တွေကို Alpha ပါးစပ်နားလာတေ့တယ် ။ သောက်နော်သခင် အားရှိသွားမှာ ။

Alpha က သူ့ကောင်လေးစိတ်ကျေနပ်အောင်သောက်ပေးပြီး အလုပ်ဆက်လုပ်နေတယ် ။ Sean က စောင်လေးပိုက်လာပြီးနှစ်ယောက်အပေါ်လုံအောင်ဆွဲခြုံလိုက်တယ် ။

"ဟီး "

ပခုံးပေါ်မေးတင်ထားရင် ရယ်ပြလာတဲ့ကောင်လေးက်ုသူလှည့်နမ်းလိုက်တယ် ။

"ကိုယ့်ကိုအလုပ်မလုပ်စေချင်ဘူးလား "

"ထုထုက... ထုထုက နလန်ထလူမမာလေးလေ သခင်ဂရုစိုက်ရမှာပေါ့ "

"ကောင်းပါပြီဗျ.... ဘယ်လိုဂရုစိုက်ပေးစေချင်လဲ "

ထုထု Alpha ကိုဖက်ပြီးလှဲချလိုက်တယ် ။ အလိုက်သင့်ကားထားတဲ့ခြေထောက်တွေက Alpha ရဲ့ခါးပေါ်မှာ ချိတ်ကလေးလိုတွယ်ထားတယ် ။

"နာနေသေးလား "

စောင်ကိုအသာလှပ်ပြီး အဝလေးကိုစစ်ကြည့်တော့အယောင်ကျသွားပြီ ။

"ထုထုခေါင်မိုးပေါ်မှာချစ်ချင်တယ် "

Xiao Tu Tu and Leo Where stories live. Discover now