~91~

1.9K 392 15
                                    

လက်သည်းကိုကိုက်ရင်း ယောက်ဖဖြစ်သူကိုခိုးကြည့်နေတဲ့ရှောင်းကျန့်က လတ်တလော တိတ်ဆိတ်မှုကိုသဘောခွေ့နေတယ် ။တစ်မိနစ်လောက်ဖြစ်ဖြစ်အဆူမခံရသေးတော့မကောင်းဘူးလား ။ သည်းမခံနိုင်တော့တဲ့ ယောက်ဖဖြစ်သူကပဲ သက်ပြင်းလေးလေးပင်ပင်မှုတ်ထုတ်ရင်းစကားဝိုင်းကိုစတယ် ။

"မင်းအစ်မသိသွားရင် ဘယ်လိုလုပ်မလို့လဲ ၊ ရှောင်းကျန့်ကလူကြီးတွေမသိအောင်ခိုးလုပ်တတ်နေပြီလား? "

"ကျန့်ကျန့်လည်းလူကြီးပဲကိုနော် အဲ့လိုမပြောပါနဲ့ ၊ ကျန့်ကျန့်ခိုးမလုပ်ပါဘူး ပေါ်တင်မပြခဲ့တာပဲရှိတာပါ "

"ခိုးလုပ်တာမဟုတ်ဘူး?  ပေါ်တင်မပြတာ? "

"ဟုတ်တယ်လေ ကျန့်ကျန့်မှာယုန်ကလေးတွေ
မမွေးထားဘူးလို့မလိမ်ဘူးလေ ၊ ကျန့်ကျန့်ယုန်လေးတွေမွေးထားတယ်လို့မပြောတာပဲရှိတာကို"

ယုန်ဖြူကခေါင်းတခါခါနဲ့ပြုံးလိုက်တယ် ။ စကားကိုလှည့်ပတ်ပြောတဲ့အကျင့်လေးကတော့လေ ။

" မမကိုမပြောပါနဲ့ "

"တစ်အိမ်ထဲအတူနေတာ သူလည်း​တစ်နေ့
မြင်မှာပဲလေ "

"ကောပြောပေးပါလား ၊ သူကမဆိုးပါဘူး အရမ်းလိမ္မာတယ် "

ယခုချိန်ထိ အိန္ဒြေရရထိုင်နေတဲ့ယုန်ကို ယောက်ဖဖြစ်သူက လှမ်းကြည့်လာတယ် ။

"မဖြစ်သေးပါဘူးကွာ မင်းအစ်မက အကောင်ပလောင်တွေမုန်းကမုန်းနဲ့ ၊ မင်းမီးလောင်နေတဲ့နေရာဝင်ပြေးသွားပြီးတဲ့နောက်ပိုင်း ပိုလို့တောင်ဆိုးလာသေးတယ် "

"နောက်ထပ်မီးမလောင်တော့ပါဘူး "

"နောက်ထပ်မလုပ်တော့ပါဘူးမဟုတ်ဘဲနဲ့
မီးမလောင်ဘူးဟုတ်လား မင်းကမီးအဖေကြီးလား ၊ မင်းကတော့ကွာ "

"ကော ကျန့်ကျန့်လိမ္မာပါ့မယ် သူနဲ့နေပါရစေနော် ၊ မခွဲနိုင်လို့ပါ "

"သူများကြားရင်မိန်းမခိုးလာတယ်ထင်ဦးမယ် တိုးတိုးပြောစမ်း "

"ကော "

"ဟူး...  မင်းအစ်မကိုတော့ ငါပြောကြည့်ရမှာပေါ့ ၊ သူပြဿနာရှာရင်ငါလည်းကယ်မရတာသိတယ်မလား? "

Xiao Tu Tu and Leo Where stories live. Discover now