~6~

8.6K 1.3K 99
                                    

အခန်း (၆) - မှန်ကြီးရေ ကမ္ဘာပေါ်မှာ ဘယ်သူအလှဆုံးလဲ ။ ထုထုလို့မဖြေရင်ခြောက်ချက်ကုတ်မယ် ။

ထုထုအစာစားနေတုန်းသခင်က ထုထုကိုချီလိုက်တယ်။ ဟာ ထုထုတန်းလန်းကြီးလေ။

"ကိုယ် Sean အတွက် လွယ်အိတ်လေးတစ်လုံးယူလာတယ် အပြင်ထွက်ရင်လိုတာလေးထည့်ပေါ့ "

ထုထုအိတ်လေးကိုမြန်မြန်ပဲလွယ်လိုက်တယ် ။
ယေ့...ထုထုကျောင်းသွားမယ် ထုထုကျောင်းသွားမယ်။ ယုန်ပုလုံးကလက်တွေမြောက်ပြီး မတ်တပ်ရပ် ကနေတော့ Alpha က အသံထွက်မရယ်ဘဲမနေနိုင်တော့ပေ။ ယုန်ယဥ်တွေဆပ်ကပ်ပြပွဲထိဝင်ဆန့်နိုင်တယ်ဆိုပေမဲ့ ဒီကောင်လေးကိုတော့ သူသိပ်အံ့သြနေပါပြီ ။

ထုထုဒွန့်နေရင်း သခင့်လက်ထဲကဖုန်းကိုတွေ့လိုက်တယ် ။ ထုထုပြေးဆွဲပြီးငုံ့ကြည့်လိုက်တယ်လေနော် ။ ဝါး...ထုထုအရမ်းလှ ထုထုခန့် ။

ထုထု ဖုန်းပွင့်လာအောင်လက်လေးနဲ့ပုတ်ကြည့်တယ်။အမွှေးတွေကပ်သွားပေမဲ့
ဖုန်းက ပွင့်မလာဘူး ။ထုထုသခင့်ကိုတိုင်တောသလိုလေးကြည့်လိုက်ပါတယ် ။ ထုထုဖွင့်တာကိုသူမဖွင့်ဘူးနော် ။ အရမ်းဆိုးတာပဲ ။

"ဖုန်းကြည့်ချင်လို့လား "

Alpha က ဖုန်းဖွင့်ပြီးမှသူ့ယုန်လေးကပဲတအားများတာ သတိထားမိသွားတယ်။ Alpha က Video Recording ဖွင့်ခဲ့ပြီးမှန်ရှာဖို့ထလာခဲ့မယ် ။

ထုထုဖုန်းစခရင်ထဲက အလှတရားလေးကိုငေးပြီးကျေနပ်လို့မဆုံး။ သူကတယ် ။ သူလှုပ်တယ်။သူဖင်လေးခါပြတယ် ။ သူလှုပ်ဆော့နေတုန်းသခင်က ဘူးတစ်ဘူးသယ်လာပြီး ဖုန်းကိုပြန်သိမ်းသွားတယ် ။

ထုထုဆော့လို့မဝသေးဘူး ။ ဖုန်းကိုထုထု လိုက်ဆွဲပေးမဲ့သခင်ကအသာလေး သူ့ကိုဖိချသွားတတယ် ။ ထုထုစိတ်ကောက်ခါနီးကျမှ သခင်က
ဖွက်ထားတဲ့ မှန်လေးထုတ်ပေးလာတယ် ။ ဒီမှန်ကထုထုတစ်ကိုယ်လုံးမြင်ရတယ် ။ အကြီးကြီးပဲ ။ မှန်ထဲသခင့်ကိုပါမြင်နေရတယ် ။ သခင်ကထုထုကို တရှုးရှုးဖြန်းတဲ့ဘူးလေးနဲ့ရေလောင်းနေတယ် ။ ထုထုအပင်ယောင်ဆောင်လိုက်တယ် ။ သစ်ရွက်လေးတွေလိုခါးကိုတွန့်ပြီးယိမ်းနွဲ့လျက်ပေါ့ ။

Xiao Tu Tu and Leo Where stories live. Discover now