~80~

3.5K 493 22
                                    

ရှောင်းကျန့်တင်ပါးတလှုပ်လှုပ်နဲ့ကနေရင်း ရေချိုးခန်းထဲကြီးကြီးကျယ်ကျယ်ပုံစံလေးဖမ်းထားတယ် ။ အပြင်မှာသွားလုပ်မိရင် ဒီအရွယ်ကြီးနဲ့ပေါလိုက်တာဖြစ်မှာလေနော် ။

ကလေးလေးလိုနေချင်မိတာအပြစ်လားနော် ။ ရှောင်းကျန့်လက်ကအနာဖတ်လေးတွေခွာဆော့လိုက်တော့ သွေးတွေထွက်လာတာကြောင့် ရှုံမဲ့မဲ့လေးငိုရင်း မထိရဲတော့ပေ ။ ရှောင်းကျန့်ရေချိုးလန်းထောင့်လေးမှာထိုင်နေရင်း မျက်ရည်တွေသုတ်လိုက်တယ် ။ သူ့မိဘတွေရှိနေပြီးသူလည်းအသက်မကြီးသွားရင်အရမ်းကောင်းမှာပဲ ။

သူအလုပ်လုပ်ရတာတော့မပျင်းပေမဲ့ ကလေးတစ်ယောက်လိုပဲနေချင်ခဲ့တာ ။ ဒါပေမဲ့ အစ်မရင်ခွင်ထဲကထွက်လာထဲက "မင်းလူကြီးဖြစ်နေပြီ ၊ အသက်မငယ်တော့ဘူးကွ " ဆိုတဲ့စကားတွေကြောင့်အတင်းပုံစံအမှန်ကိုကွယ်ဝှက်ခဲ့ရတယ် ။

အမေ့အမျိုးတွေကိုလည်းသူမုန်းတယ်လို့တော့မရှိပါဘူး ။ ဒါပေမဲ့တစ်ခါတလေကျတော့လည်းအရမ်းအနေရကျပ်တယ် ။ ရှောင်းကျန့်ရယ်တဲ့ပုံစံကအစလိုက်ပြောနေတော့ ရယ်ဖို့တောင်မရဲတော့ဘူး ။

သူတွေးနေတုန်းရေချိုးခန်းတံခါးလေးပွင့်ဟသွားတာတော့သူမသိလိုက် ။

*******

ရှောင်းကျန့်ညအိပ်ဝတ်စုံလေးထုတ်ဝတ်ပြီး
အိပ်ယာခင်းကာကွေးလိုက်တယ် ။ ခြင်္သေ့ရုပ်လေးကိုဖက်ပြီးတဟီးဟီးရယ်ပြရင်းကိုက်ချလိုက်လိုက်တယ် ။ အရုပ်တွေမှာအသက်ရှိတယ်လို့သူအမြဲယုံကြည်ခဲ့တယ်လေ ။ အရုပ်တွေနဲ့ဆော့နေရင်းပဲသူအိပ်ပျော်သွားတော့တယ် ။

အမှောင်ထဲ အဖြူလုံးလေးတစ်လုံးကတလှုပ်လှုပ်ထွက်လာတယ် ။ သူ့ခေါင်းပေါ်မှာ နောက်ထပ်အမွှေးလုံးလေးတစ်လုံးနဲ့ ။

ယုန်ဖြူလေးက ရှောင်းကျန့်အဝတ်လေးတွေကိုလိပ်တင်သွားပြီး အမွှေးလုံးလေးကိုရင်ဘတ်ပေါ်ချပေးလိုက်တယ် ။

"ပါပါးနာအောင်မလုပ်ရဘူးနော် "

အမွှေးလုံးလေးကတော့ဆာဆာလောင်လောင်နဲ့နို့ကုန်းစို့တော့တယ် ။ ခဏကြာတော့ငိုမဲ့မဲ့လေး
လှည့်ကြည့်လာတယ် ။

Xiao Tu Tu and Leo Where stories live. Discover now