~43~

6.8K 1.2K 156
                                    

အခန်း (၄၃) - ထုထု လက်ညှောက်ယိုက်ပါတယ်။

သေနတ်မောင်းတွေက ကွင်းပြင်ထဲနေရာအသင့်ယူထားကြတယ် ။ Black က သေနတ်ပြောင်းဝတွေကိုစူးစူးရဲရဲကြည့်နေပြီးသူ့ခြေတွေကိုကွေးညွှတ်ထားတယ် ။

ထုထုကသခင့်လက်ပေါ်ရပ်နေရင်းဘာတွေဖြစ်နေလဲနားမလည် ။

"ဟိုးမှာအရုပ်လေးတွေ့လား....ကိုယ်တို့အဲ့ဒါကိုသွားယူရမှာ "

အိုခေလေ ။ ထုထုယူပြီး အဆောင်ပြန်သယ်သွားမှာပေါ့ ။ ထုထုခုန်ဆင်းဖို့ပြင်တော့သခင်ကဂျိုင်းကနေဆွဲချီထားတယ် ။

"နေဦးSean ရဲ့ ကိုယ်ပြောလို့မပြီးသေးဘူး... ဟိုမှသေနတ်တွေတွေ့လားသူတို့ကအဆက်မပြတ်ပစ်နေမှာကျည်မထိဘဲ အရုပ်ယူနိုင်ရင်.... "

မောင်းတွေက အပေါ်မြှောက်လာတယ် ။

အမလေး... ထုထုလက်မြှောက် ။ ယူချင်တာမယူပါနဲ့ ယုန်ကိုလည်းချမ်းသာပေးပါ ။ ထုထုအရှုံးပေးပါတယ် ။

အားကြိုးမာန်တက်ရှင်းပြနေတဲ့ Alpha က လက်မြှောက်ထားတဲ့ယုန်ကိုကြည့်ပြီး မျက်ခုံးပင့်သွားတယ် ။

ထုထုက သူ့ဘက်လှည့်ကြည့်လာပြီး မြန်မြန်လေးလက်မြှောက်လိုက်ဖို့ခိုင်းနေတယ် ။ သခင်.. စွမ်းရည်မပြချင်ပါနဲ့ ။ လက်မြှောက်လိုက်ရင်အရာရာအိုခေမယ်နော ။

"အဆိုးလေးရဲ့ နည်းနည်းတော့ကြိုးစားကြည့်ပါဦး.. Ice အစမ်းသွားပြလိုက် "

Ice က သူမအမြီးကိုတစ်ချက်ယိမ်းနွဲ့လိုက်ရင်းလျင်မြန်စွာပြေးသွားတယ် ။ တဖောင်းဖောင်းထွက်လာတဲ့ကျည်ဆံတွေကမြေပြင်မှာအရောင်မှုန့်တွေအဖြစ်ပြန့်ကျဲသွားတယ် ။

"ထိလည်းဘာမှမဖြစ်ဘူး စမ်းပြီးကြိုးစားကြည့် "

ထုထုရင်ဘတ်လေးကိုအုပ်ပြီးအသက်ဝဝရှုလိုက်တယ် ။ ကောင်းပါပြီသခင်းးး ။ ထုထုသခင်အားကိုးရတဲ့ယုန်ကလေးဖြစ်အောင်ကြိုးစားမယ်နော ။

ယုန်ကသူ့ခင်ကိုယ်ပေါ်ကဆင်းသွားပြီးအသင့်ပြင်ထားတယ်။ အချက်ပေးသေနတ်သံဖောက်တာနဲ့ယုန်ကသားရဲတွေနဲ့အတူ ပြေးတယ် ။ ပထမခြေလှမ်းမှာတင်သူ့ဖင်မှာ ကျည်နှစ်ချက်တဖောင်းဖောင်းနဲ့မှန်သွားရှာတယ်လေ။

Xiao Tu Tu and Leo Where stories live. Discover now