~47~

7.1K 1.2K 129
                                    

အခန်း (၄၇) - အရောင်စုံစာအုပ်ဖတ်တဲ့ထုထု ။

ထုထုရင်ဘတ်လေးကိုအသာဖိထားရင်း အိပဲ့ပဲ့နဲ့လျှောက်သွားနေပါတယ် ။ သခင်ညကနမ်းပြီးတာနဲ့အိပ်မယ်ဆိုပြီး ထုထုနို့တွေခိုးစို့ထားတယ် ။ ထုထုဖြင့်သခင့်ကိုယ်ကိုဆော့ရင် နူးနူးညံ့ညံ့လေးဆော့တာပါ ။

"ဟေး "

ပခုံးကိုခုန်ဖက်လိုက်တဲ့ Ice ကြောင့် ထုထုခါးလေးကုန်းသွားတယ် ။ Ice က ဒီနေ့ယောကျာ်းလေးလိုပြင်လာတယ် ။

"ဘာဖြစ်နေတာလဲ "

"ထုထုနို့နာနေလို့ သခင်အများကြီးကိုက်ထားတယ် "

Ice က မျက်ခုံးပင့်တက်သွားခဲ့တယ် ။ ဟ... သူ
ဝိညာဥ်စစ်ပေးလိုက်တာမှရက်ပိုင်းရှိသေး တန်းလုပ်တော့တာပဲလား ။ Ice ကဖြူလွှလွှအသားအရည်နှင့်မျှမလိုက်အောင်မှောင်မှောင်မဲမဲပြုံးလိုက်တယ် ။ ဒီသခင်က ရိုးသားချင်ယောင်ဆောင်ပြီး အစားကျူးတာပဲ ။

"ဘယ်လိုလဲ သခင်နဲ့ လုပ်ရတာကောင်းလား "

"ဘာလုပ်တာလဲ "

"ကျစ်...  အ'ပြန်ပြီ "

Ice က ကောင်လေးရဲ့နားနားကပ်ပြီးခပ်တိုးတိုးပြောလိုက်တယ် ။ ထုထုက မျက်လုံးလေးဝိုင်းသွားတယ် ။

"သခင်ကမိတ်လိုက်မယ်ပဲပြောတာ လင်မယားလုပ်တမ်းကစားမယ်မပြောဘူး"

"ဟ.. မိတ်လိုက်မှတော့ ညားပြီပေါ့ဟ "

ထုထု မျက်မှောင်ကုပ်လိုက်တယ် ။ ထုထုတို့လွင်ပြင်မှာတော့မိတ်လိုက်ပြီးရင်ပြီးပြီလေ ။ လင်မယားဆိုတာ လူကြီးကြီးနဲ့မာမီလိုနေရတယ်ဟုတ်ဘူးလား ။ ထုထုကလူကြီးကြီးနဲ့မာမီချစ်သလိုချစ်ချင်တာ ။
[ Sorry For AN -တောယုန်သဘာဝမိတ်လိုက်ပြီးတာနဲ့မိသားစုရယ်လို့လည်းမရှိတော့ ထုထုကအဲ့ဒါကိုပဲမှတ်ထားတာပါ ၊ မိတ်လိုက်တာနဲ့ ချစ်တာ ကိုတစ်ခုဆီလို့ပဲထင်ထားတာ ၊ ခံစားချက်တွေသေချာမခွဲတတ်တဲ့သဘောပေါ့]

"ဒါပေမဲ့သခင်ကထုထုကိုအချစ်လေးလို့လည်းမခေါ်ဘူး ၊ ဇနီးလေးလို့လည်းမခေါ်ဘူး "

"မင်းက မိန်းကလေးမှမဟုတ်တာ ၊ ဇနီးလေးလို့ခေါ်ပါ့မလား "

ထုထုလည်လေးစောင်းပြီးရှုပ်သွားတယ် ။ ဇနီးဆိုတာ သခင့်ချစ်သူဆိုရင်ဇနီးဖြစ်မယ်လို့ပဲ ထုထုထင်ထားတာ။ မိန်းကလေးမှဇနီးလို့ခေါ်ရမယ်တဲ့လား ။ လောကကြီးကနက်နဲလိုက်တာနော ။ ထုထုခေါင်းတွေမူးပါတယ် ။

Xiao Tu Tu and Leo Where stories live. Discover now