~60~

5.6K 1K 98
                                    

အခန်း ( ၆၀) - ထုထုကိုလွမ်းနေတာယာ့ ။

"ဂုဏ်ယူပါတယ် Omega သွေးနဲ့သန့်စင်ခြင်းစွမ်းအင်ကောင်းတဲ့ကလေးလေး သန္ဓေတည်နေတာပါ "

လာဗီယာရဲ့ တုန်လှုပ်ခြောက်ခြားသွားတဲ့အကြည့်တွေက သူမအစ်ကိုထံရောက်လာတယ် ။ ပျော်ရွှင်နေတဲ့မိဘတွေကတော့ဘာမျှမသိသူတွေမို့ သူ့မြေးဦးလေးအတွက်ဂုဏ်ယူနေရတာပါပဲ ။

ဒီလောကရဲ့Omega အကုန်နီးပါးက စွမ်းအင်မဲ့အဖြစ်မွေးလာကြတာဖြစ်ပြီး Alpha တွေရဲ့အင်အားဖြည့်ဖို့ပဲတတ်နိုင်တယ် ။ Omega သွေးမှာ သန့်စင်ခြင်းစွမ်းအားပါလာတာက လောကအတွက်ထူးမြတ်ခြင်းပဲ ။

ဒါပေမဲ့ ကြီးမြတ်တဲ့ Alpha မှမဟုတ်ခဲ့တာ ။

"သားအလှည့်ကျရင်တော့ဘယ်လို...သား "

ပြေးထွက်သွားတဲ့ Alpha က အဖော်တွေနဲ့ဆော့နေတဲ့ယုန်ကိုတင်းတင်းကျပ်ကျပ်ကောက်ချီပြီးအဆောင်ရှိရာပြေးထွက်သွားခဲ့တယ် ။ အားနဲ့အဖက်ခံထားရတဲ့ယုန်က မျက်လုံးအပြူးသားလေးနဲ့ထိတ်ထိတ်လန့်လန့်မော့ကြည့်နေရရှာတယ် ။ သူနာနေပေမဲ့ သူ့သခင်ရဲ့အမူအယာကြောင့်နာကျင်မှုကိုမေ့နေတယ် ။

အခန်းတံခါးပိတ်ပြီးသူ့ကိုဖက်လို့မျက်ရည်ကျလာတဲ့ သခင်ကြောင့်သူလန့်သွားရတော့တာပဲဆို။သခင်ကအရမ်းသနားဖို့ကောင်းတဲ့ပုံပေါက်နေတယ်လို့ ။

"အိ အိ "

သခင့်မျက်ရည်တွေကနာကျင်စေတာကြောင့်ဆက်မကျလာအောင်သူ့လက်သေးသေးလေးနဲ့ အရူးလိုသုတ်ပေးနေမိတယ် ။

သခင်မငိုပါနဲ့ ။ သခင်ထုထုကိုလွမ်းလို့လား ။ ထုထုသခင့်အနားမှာပဲနေပါတော့မယ် ။ထုထုနောက်ဆို သခင့်ိကုတစ်ယောက်ထဲထားပြီး သွားမဆော့တော့ပါဘူး ။

"ကိုယ်တို့ထွက်ပြေးကြမလား ဘယ်သူမှမသိနိုင်တဲ့နေရာဆီ "

ထုထုနားမလည်နိုင်ဘဲ ကြည့်နေတယ် ။ ဒါထုထုတို့အိမ် ။ ထုထုတို့ဘယ်သွားကြမှာလဲ ။

"လောကကကျိန်ဆဲလို့ ဝိဉာဥ်ပျောက်ဆုံးသွားရင်တောင် ၊ နောက်ဆုံးငရဲကိုသွားရမယ်ဆိုရင်တောင် ကိုယ်မင်းကိုသစ္စာမဖောက်ဘူး "

Xiao Tu Tu and Leo Where stories live. Discover now