~103~

1.7K 246 17
                                    

အခန်း (၁၀၃) - သခင်းးး စားပါဦး ထုထုကိုးးး ။

ခရီးအပြန်မှာတော့ သူတို့မိသားစုလေးရဲ့စိတ်အခြေအနေကအထူးကောင်းမွန်နေခဲ့ပါတယ် ။ အညိုလုံးလေးကတော့ ရှောင်းကျန့်ရင်ခွင်ထဲကမထွက်ဘဲ တမော့မော့ငေးလို့ ။

Alpha ကတော့ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားတွေကို မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ငေးရင်း လက်ရှိလောကရဲ့ဖွဲ့စည်းပုံနဲ့အခြေခံစွမ်းအားတွေအကြောင်းကိုတွေးနေမိတယ် ။

သူကဒီမှာနေလာရင်း ဒီလောကရဲ့အကြောင်းအရာအတော်များများကိုလာ်းသိနေပါပြီ ။ သူ့ကောင်လေးရဲ့ပျော်ရွှင်မှုကို ငွေကြေးဥစ္စာတွေနဲ့ မတည်ဆောက်ထားပေမဲ့ သူ့ကောင်လေးပြုံးအောင်လုပ်နိုင်ဖို့အတွက်တော့ ထိုပကာသနတွေက နေရာတိုင်းမှာလိုအပ်နေတယ် ။ ဒီအခြေအနေထိတိုးတက်လာပြီးမှတော့ သူကချစ်စရာကောင်းတဲ့ အိမ်မွေးယုန်လေးနေရာ
မှာပဲဆက်ကနေလို့မဖြစ်တော့ပေ ။

ခက်တာက ငွေရှာတယ်၊စီးပွားရေးလုပ်တယ်ဆိုတာက Alpha အတွက်အတော်လေးစိမ်းသက်တဲ့
အတတ်ပညာဖြစ်နေတယ် ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့အတွက်ပကာသနဆိုတာဘယ်တုန်းကမှ ဆောင်ကြဥ်းထားဖို့မလိုအပ်ခဲ့ ။
ဒီမှာတော့အရာရာကိုသူ့ဖြစ်တည်မှုနဲ့တင်ဖန်တီးပြည့်စုံစေဖို့ကာမဖြစ်နိုင်ပါလေ ။

တစ်နေ့မှာတော့လူသားတွေရဲ့သဘာဝအတိုင်းသူ့ကောင်ငယ်လေးနဲ့တစ်အိုးတစ်အိမ်ထူထောင်ချင်သေးတယ် ။ တင့်တောင်းတင့်တယ်ထားနိုင်ဖို့ဆိုတဲ့ မင်ကောရဲ့နေ့စဥ်ဝါကျကိုလည်းသူဘယ်မေ့လျော့နိုင်ပါ့မလဲ
(Alpha ကလည်း ကျန့်ခေါ်သလို မင်ကောဟုသာသုံးနှုံးပါတယ်)  ။

Alpha ကတွေးငေးရင်းနဲ့ အချစ်လေးခွံ့တဲ့
မုန်လာနီကို အိန္ဒြေရရဝါးတယ် ။ အချစ်လေးပွတ်သပ်ပေးတာကို အိန္ဒြေရရဇိမ်ခံပါတယ် ။

ဒီလိုနဲ့ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်သွားခဲ့ပေမဲ့ သူတို့ရဲ့နေ့စဥ်ဘဝတွေကိုပုံမှန်အတိုင်းဆက်လက်လည်ပတ်ရတယ် ။ ရှောင်းကျန့်ရဲ့ လုပ်ဆောင်မှုအရည်အသွေးနဲ့တွေးခေါ်နိုင်စွမ်းကတော့ အများကြီးတိုးတက်လာခဲ့တယ် ။

You've reached the end of published parts.

⏰ Last updated: Mar 12 ⏰

Add this story to your Library to get notified about new parts!

Xiao Tu Tu and Leo Where stories live. Discover now