~83~

2.8K 431 26
                                    

ရှောင်းကျန့်ကိုဦးလေးက လုပ်အားခအဖြစ်ငွေအချို့ပေးလာတော့ ရေတွက်ရင်းပျော်နေမိတယ် ။ ရှောင်းကျန့်ကိုဦးလေးတို့ကျွေးမွေးပြီး မမကအဝတ်ဆင်ပေးတာမို့ သုံးစွဲစရာဘာမှတော့မရှိပါဘူး ။ ဒါပေမဲ့သူ့ဆီမှာ ယုန်လေးတစ်ကောင်နဲ့ယုန်ကပ်ပါးလုံးလေးတစ်ကောင်ရောက်နေပြီဆိုတော့ ငွေရှိနေမှရတော့မှာ ။

ခြံပြင်တာက လေးရက်အတွင်းပြီးသွားခဲ့တယ် ။ ရှောင်းကျန့်အိမ်ပြန်မလိုက်ဘဲ ခြံထဲမှာပဲနေခဲ့တယ်လေ ။ ခြံထဲမှာခြံစောင့်ဦးလေးကြီးတစ်ယောက်ရှိတာမို့ သူ့အတွက်အဖော်ရပါတယ် ။ ထူးဆန်းတာတွေလည်းရှောင်းကျန့်သတိထားမိခဲ့တယ် ။ သူ့ယုန်ကလူလိုပဲနေတတ်တာသိထားပေမဲ့ ဦးလေးကြီးလိုအမဲလိုက်ကျွမ်းကျင်တဲ့လူတောင် လေးရက်လုံးပုန်းရှောင်နိုင်တာတော့သိပ်ကိုတော်လွန်းသည်လေ ။ အမွှေးတွေကိုလည်းသူ့ဘာသူရှင်းလင်းတတ်တော့ ဦးလေးကြီးကအခုထိယုန်ရှိနေမှန်းတောင်မသိသေးဘူး ။ ဒါကစူပါယုန်ဖြစ်နေပြီမဟုတ်ဘူးလား?  ။

အပင်တွေရေလောင်းပြီးနောက် ဝက်၊နွားစာတွေခုတ်လိုက်တယ် ။ ခုတ်ထစ်ပြီးတဲ့အရွက်တွေကိုတော့ဦးလေးကြီးကယူသွားပြီးကျွေးတယ် ။ အလုပ်တွေအားလုံးလုပ်ပြီးတာနဲ့ရှောင်းကျန့်ရဲ့ဆောက်လုပ်ပြီးကာစအခန်းအသစ်လေးဆီပြန်လာခဲ့တော့တယ် ။

အလုံးလေးက ရှောင်းကျန့်ကိုမြင်တာနဲ့ ခုန်ဆွဆွပြေးလာကာဆီးကြိုလေတယ် ။ အလုံးလေးရဲ့ခြေထောက်တွေကိုသူဒီနေ့ထိရှာမတွေ့သေးပေမဲ့
အလုံးလေးကတော်တော်မြန်အောင်ပြေးနိုင် တာတော့သတိထားမိတယ်လေ ။ အဲ့ဒါကမလှိမ့်ဘဲပြေးတတ်တဲ့ဘောလုံးလေးဆိုပါတော့ ။

ယုန်ကတော့ တံမြက်စည်းအကြီးကနေသူ့ဘာသူနှုတ်ယူကာ ပြန်လည်ဖန်တီးထားတဲ့ တံမြက်စည်းအသေးလေးနဲ့ အခန်းသန့်ရှင်းရေးလုပ်နေတယ် ။ အလုံးလေးက အမွှေးတအားကျွတ်တတ်ပြီးသူလှုပ်လိုက်တာနဲ့အမွှေးအပုံလိုက်ကျွတ်ကျန်ခဲ့တာပဲ ။ ယုန်ကသူလှည်းကျင်းပြီးတဲ့လမ်းပေါ်အမွှေးတွေပြန်ပွကုန်တာကြည့်ပြီး သုံးစက္ကန့်လောက် ဝိဥာဥ်ပျောက်သွားတယ်။ နောက်ဆုံးမှာတော့ မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ထိုနေကာကိုပြန်လှည်းကျင်းပါတော့တယ် ။

Xiao Tu Tu and Leo Where stories live. Discover now