1---5

845 33 1
                                    

လောကသုံးပါးသခင်
. . . . . . . . . . . . . .

Chapter1: ကောင်းကင်ဘုံအင်ပါယာရဲ့သားတော်,
ပြန် လည် မွေး ဖွား ခြင်း

ဂျန်ချန် ခေါင်းတွေကိုက်ခဲ မူးဝေနေပြီး အိပ်မက်လိုလို
ခံစားနေပါတယ်။ သူ့တစ်ကိုယ်လုံးလည်း ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်. .

"ဘာတွေ ဖြစ်နေတာလဲ. . .
ငါ သေ သွား ပီ လား ?"

သူ့ကိုယ်သူ သိနေတာကတော့ သူဟာသေခဲ့ပြီးပါပီ
ဒါပေမယ့် သူ အသက်ရှူလို့နေတာကိုတော့သေချာ
ခံစားမိနေပါတယ်. .
မျက်လုံးကို အတတ်နိုင်ဆုံးကြိုးစားဖွင့်လိုက်ပြီး တစ်ဖြည်းဖြည်းနဲ့ သူမြင်လိုက်ရတာက အခေါင်းတစ်လုံးရဲ့ မျက်နှာပြင်ကိုပါ။

"ငါ ငါ အခေါင်းထဲမှာပဲ. . . ဒါဆို ငါသေသွားပီပေါ့"

သူစိတ်ဓာတ်ကျသွားပါတယ်. .
သူဟာ ယင် ဖွဲ့စည်းပုံနဲ့မွေးဖွားလာတဲ့အတွက်
သိုင်းပညာကို သင်ကြားလို့မရခဲ့ပါဘူး

"ငါ့အဖေက ထာဝရအသက်ကိုပေးတဲ့ နေလဆေးကို
ဖော်စပ်တိုက်ကျွေးခဲ့တာတောင်မှ ချီးထုတ်ကပ်ဘေး
ကြောင့်. . .ဟင် ! ! !. "

သူရုတ်တရက် သူ့ခန္ဓာကိုယ်မှာ တစ်ခုခု ပြောင်းလဲနေတာကို ခံစားမိလိုက်ပါတယ်. . သူ့ကိုယ်သူ မိန်းမများ ဖြစ်သွားလို့လားလို့ သံသယ ဝင်မိပါတယ်။ သူ တစ်ချက် စစ်ကြည့်လိုက်ပါတယ်။

"ငါ့ကိုယ်ထဲ ချီဓာတ် တစ်ခုပြေးနေပါလား !
ဒါကအတော်လေးကို အားနည်းတာပဲ"

"ဟမ် နေပါဦး.... ဒါ ဒါ ငါ့ ခန္ဓာကိုယ်မှမဟုတ်တာ"

တစ်ချိန်တည်းမှာပဲ အခေါင်းထဲက လဲလျောင်းနေတဲ့
ခန္ဓာကိုယ်ဟာ သူမဟုတ်ဘူးဆိုတာကိုသတိထားမိ
သွားတယ်. . သူ သောက်ရမ်းလန့်သွားပြီး ချွေးစေးတွေထွက်လာတယ်။

ဒါဆိုမေးစရာက ဘယ်သူကြီးလဲ?
ထူးဆန်းစွာပဲ မှတ်ဉာဏ်အချို့ သူ့ခေါင်းထဲကို
ဝင်လာပါတယ်. .
ဒီခန္ဓာကိုယ်ရဲ့အရင်ပိုင်ရှင်နာမည်ကလည်း
ဂျန်ချန်ပါပဲ။ အရှေ့ပိုင်းနိုင်ငံရဲ့ဂျန်ဟန်ပြည်နယ်မြို့စား သားတော်တစ်ပါးပါ။

"နာမည်ကတော့တူတယ်
သူက ငါမဟုတ်တာခက်တယ်၊ ဘာတွေဖြစ်နေတာလဲ"

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now