431-------440

109 5 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 431:
         အတွင်းမီး ငြိမ်းလို့ ကြိုဆိုပွဲ အခမ်းအနား စပြီ

သံမဏိမိသားစုက ဂျန်ချန်နဲ့ စေ့စပ်ညှိနှိုင်းဖို့ ပွင့်ပွင့်လင်းလင်း လက်ဆောင်တွေနဲ့ သွားခဲ့ပေမယ့် တစ်ဖက်လူက တံခါးပိတ် လေ့ကျင့်နေတယ်တဲ့။

ကောင်းတဲ့ တစ်ချက်ကတော့ ဂုရူ က မင်းသမီး တစ်ပါးမို့ ဗျူဟာတွေ ချမှတ်တာနဲ့ ပတ်သက်လို့ အရေးအရာ တော်တော်များများ နားလည်ထားပါတယ်။ ဒါကြောင့် စေ့စပ်ညှိနှိုင်းခြင်း တံခါးကို အလုံပိတ်မပစ်လိုက်ပါဘူး။ ဒါပေမယ့် လက်ဆောင်ကိုတော့ ငြင်းပယ်ပါတယ်။

“ကျွန်မ အိမ်တော်သခင်လေးက သံမဏိမိသားစုနဲ့ အငြိုးအတေး တစ်ချို့ ရှိတာ မှန်ပေမယ့် ဒါက အတိတ်တုန်းက ဟာတွေပဲကို။ အားလုံးလည်း ဖြေရှင်းပြီးနေမှပဲ။ မိတ်ဆွေ ဖြစ်မလား.. ရန်သူ ဖြစ်မလား ဆိုတာကတော့ ရှင်တို့ အပေါ်မှာပဲ မူတည်တယ်။ ကျွန်မ အိမ်တော် သခင်လေးက ပွင့်လင်းတာမို့ အရှေ့ကိုပဲ ကြည့်ပါတယ်။ အဲ့တော့ ရှေ့ဆက်ရမယ့် အစီအစဉ်နဲ့ ရှေ့ကိုပဲ သွားမယ်။ ဒါကြောင့် အသေးအမွှားလေးတွေနဲ့ ကပ်တွယ်နေမှာ မဟုတ်ပါဘူး။ တစ်ဖက်က ရန်မစသရွေ့ မတိုက်ခိုက်ဘူးလို့ ကတိပေးတယ် ”

ဂုရူ စကားတွေက လက်ရှိ အခြေအနေနဲ့ အလိုက်အထိုက်ဆန်ပါတယ်။

သူမက သံမဏိမိသားစုကို ငြင်းပယ်ခဲ့ခြင်း မရှိသလို စေ့စပ်တာကို လက်ခံခြင်းလည်း မမည်ပါဘူး။ လာမတိုက်ခိုက်ရင် ပြန်မတိုက်ခိုက်ဘူး လို့ပဲ မည်ပါတယ်။

သံမဏိ မိသားစု ကိုယ်စား လာတဲ့ ကိုယ်စားလှယ်က သံမဏိလောင်ရဲ့ အစ်ကို သံမဏိတန်ပါ။သူကလည်း အဖွဲ့အစည်း အကြီးအကဲ တစ်ယောက် ပါပဲ။ သိပ်ကိုလည်း အဆင့်အတန်း မြင့်တဲ့ လူ တစ်ယောက်ပေါ့။

သူက ဂျန်ချန် တံခါးပိတ် လေ့ကျင့်နေတယ် ဆိုတာကို သိပေမယ့် ဂုရူနဲ့ တည်ငြိမ်စွာပဲ သံခင်း တမန်ခင်း စကားပြောပါတယ်။ သူသိလိုက်တာ တစ်ခုကတော့ ဂျန်ချန် ကိုယ်တိုင် သံမဏိ မိသားစုကို အပြတ်ဖြုတ်မယ့် ရည်ရွယ်ချက် မရှိတာပါ။ သံမဏိ မိသားစုရဲ့ စေ့စပ်ကြောင်းလမ်းတဲ့ အစီအစဉ်က ဖရိုဖရဲတော့ နည်းနည်း ဖြစ်သွားရတာ အမှန်ပေါ့။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now