181----190

158 12 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 181:
          ဒန်ဖိန် တစ်ယောက် စိတ် ကယောင်ချောက်ခြား ဖြစ်ခြင်း

“အင်.. ကလေးလေးဒန်.. ဘာတွေ ဖြစ်နေတာလဲ.. မျက်နှာလည်းမကောင်းဘူး.. ဂျန်ချန်က တစ်ခုခုများ ပြောသွားလို့လား?? ”
လို့ ဆိုရင်း ဆရာသခင်ရီ တစ်ယောက် စနောက်ပါတယ်..

“မဟုတ်ပါဘူး.. သူသိ သူတတ် ဖြစ်နေတဲ့ ပုံစံကို အမြင်ကတ်နေတာ.. သူ့ကိုယ်သူ ဘယ်သူများ ထင်နေလဲ မသိဘူး.. ဆရာ.. အဲ့ဒီကောင်စုတ်လေးက ဆရာ့လို အထွဋ်အမြတ်ပုဂ္ဂိုလ်ရဲ့ တပည့်တောင် မဖြစ်ချင်ဘူးလေ.. ဆရာ စိတ်မဆိုးဘူးလား.. ”

“ကလေးလေး ဒန်.. ဒါက သမီးပုံစံမဟုတ်သလိုပါလား..  ”
လူအိုကြီး ပြုံးရင်း ဆိုပါတယ်..
“ဘယ်တုန်းကများ အခုလို ကိစ္စမျိုးအတွက်နဲ့ ဒီလောက် ဒေါသထွက်တတ်သွားရတာပါလိမ့်!! ”

ဒန်ဖိန် သူမရဲ့ ဆရာကို တကယ် ဒေါသထွက်သွားရပါတယ်..
“ဆရာ.. ဒန်အာက ဆရာ့နှလုံးသားထဲမှာ နံပါတ်တစ် မဟုတ်ဘူးလား..?? အဲ့ဒါကို သမီးကိုပဲ လိုက် လှောင်နေတယ်ပေါ့.. ”

“ဟား.. ဟား.. ဒန်ဖိန်.. မြို့တော်က လူငယ်တွေအားလုံးက သမီးကို မိန်းကလေးငယ်လေး တစ်ယောက် အနေနဲ့ အရူးအမူးစွဲလမ်းနေကြတယ်.. သူတို့တွေသာ သမီးရဲ့ လက်ရှိအခြေအနေကို သိသွားခဲ့ရင်.. သမီးအပေါ် သူတို့ နားလည်ခဲ့သမျှ အားလုံးက ပြောင်းပြန်တွေ ဖြစ်ကုန်ကြတော့မှာပဲ..”

“ဖြစ်ကုန်ကြစမ်းပါစေ.. သူတုိ့တွေကို ဘယ်သူကများ အတင်းအကြပ်စွဲလမ်းခိုင်းနေလို့လဲ.. ”
ဒန်ဖိန်က ညစာစားပွဲတစ်လျှောက် နေခဲ့သလို အေးစက်စက်အမူအရာမျိုးနဲ့ မရှိတော့ပါဘူး.. ကလေးပေါက်စ ကလေးလို ခပ်ချွဲချွဲ ခပ်ဆိုးဆိုး ရှိလို့နေလေရဲ့..

“ဟုတ်ပါပြီ တဲ့ဗျာ.. ဟုတ်ပါပြီ..  ကဲပါ အတည်ပြောကြရအောင်.. ဂျန်ချန်က ငါ့ကို ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့တာမှန်တယ်.. ဘာလို့ဆို သူက အမှန်နဲ့ အမှားကို ပြတ်ပြတ်ထင်ထင် သိမြင်ခဲ့တာကြောင့်ပဲ.. အရိုးသားဆုံးပြောရရင်.. ငါက သူ့ကို ဒိုသိုင်းပညာလမ်းစဉ်ပေါ်က တစ်ချို့သောညာဏ်အလင်းတွေ ပြပေးခဲ့ပေမယ့်လည်း ရေရှည်မှာ သူ့ ဆရာ တစ်ယောက်အဖြစ် ရပ်တည်ဖို့က ငါ့မှာ အရည်အသွေး မပြည့်မှီသေးဘူး.. ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်حيث تعيش القصص. اكتشف الآن