401------410

67 6 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 401:
         အဆုံးစွန်သော ခရမ်းနီလာချီ.. လျှပ်စီးနဲ့ မိုးကြိုးမြွေများ ကခုန်ခြင်း

လိန်ဂန်ရန်ဆို ဂျန်ချန် သူ တိ်ုက်ခိုက်တာ ခုခံလိုက်နိုင်တာနဲ့တင် အတော်လေး ကြောင်အသွားခဲ့ပါတယ်။ ဒေါသကလည်း ဟုန်းခနဲ။ စိတ်ဝိညာဉ်စွမ်းအားတွေလည်း ရုန်းကြွလာခဲ့ပါပြီ။

“ပထမလက်ဝါးက အမြည်းကျွေးတာ။ နောက်ထပ် လက်ဝါး ရိုက်ချက် (၁၀) ချက် စမ်းကြည့်ပါဦး ”

ဖန်း.. ဖန်း..

ကောင်းကင်အထက်က နေနဲလပါ ပျောက်ကွယ်သွားပြီး အမှောင်တရား ကြီးစိုးလာခဲ့ပါပြီ။

လိန်ဂန်ရန် လက်တွေဆီကနေ ဖျက်စီးခြင်းအငွေ့အသက်တွေ တစ်ဝုန်းဝုန်း ပေါက်ကွဲထွက်လာပါတယ်။ ရေပူစမ်းတွေလို အဆုံးမဲ့ အရိပ်အမျှင်တန်းတွေလည်း တစ်သီကြီး စီးဆင်းလာလေရဲ့။

ကောင်းကင်တစ်ပြင်လုံး မီးမုန်တိုင်းထန်နေသလို မြေပြင်အထက်ကိုလည်း ဟီးဟီးထနေတဲ့ မီးလုံးတွေက တစ်လုံးပြီးတစ်လုံး ပြိုကွဲကျလာနေပါတယ်။

ဒီလို ချုပ်နှောင်ခြင်း စွမ်းအားနဲ့ သဏ္ဍာန်တူတဲ့ အင်အားကြီး အော်ရာတွေက စင်တစ်ခုလုံးကို ဝိုင်းပတ်ထားနေခဲ့ပါပြီ။

အခုလို ထူးဆန်းတဲ့ မြင်ကွင်မျိုး တွေ့နေရပေမယ့်လည်း ဂျန်ချန် မျက်နှာက တည်ငြိမ်နေဆဲပါ။ စိတ်ကလည်း ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲ။

နတ်ဘုရားမျက်လုံးကို အမြင့်ဆုံးထားပြီး စိတ်ဝိညာဉ်စွမ်းအားတွေကိုလည်း နှိုးဆွလိုက်ပါပြီ။ စက္ကန့်ပိုင်း အတွင်းမှာပဲ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေတဲ့ ပြင်းထန်သော တိုက်ခိုက်ရေး အငွေ့အသက် အမျှင်တန်း တွေရဲ့ တကယ့် အစစ်အမှန် အနှစ်သာရကို သူ နားလည်သွားခဲ့ပါပြီ။

“အဟက်.. ဒီလောက်လေးနဲ့.. ”

ဂျန်ချန် နံဘေးကို တစ်ချက် ခုန်ရွေ့လိုက်သလို လက်နှစ်ဖက်ကလည်း ရေအလျင်အလား စုန်ဆန်လို့ ရိပ်ခနဲ လှုပ်ရှားသွားခဲ့ပါပြီ။ လက်သီးချက်ပေါင်းများစွာ ကောင်းကင်အထက် ပျံ့လွင့်လို့။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now