421---------430

98 6 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 421:
         ဝူကလန်နဲ့ နောက်ဆုံး တိုက်ပွဲ

“သူတို့ကို အပြင်မှာပဲ ဆက်ထားပြီး တော်၀င် စစ်သည် တစ်ချို့ ခေါ်ပြီး ကာကွယ်ပေးလိုက် ”
ဝူတန် တစ်ယောက် နောက်ဆုံး အခုလို ဆုံးဖြတ်ချက်ပဲ ပေးလိုက်နိုင်ပါတယ်။

ဒီလို လုပ်လိုက်ခြင်းအားဖြင့် သူတို့ကို မစွန့်လွှတ်ဘူးလို့ ဆိုရာ ရောက်ပါတယ်။

ဒါပေမယ့် အခုလို အမိန့်ပေးလိုက်တာကတင် သူတို့ကို ဂရုမစိုက်တော့ဘူးလို့ ဆိုလိုရာ ရောက်မှန်း သူ့ နှလုံးသားထဲကနေ နားလည်ပါရဲ့။

တကယ်လည်း အခုလို အမိန့် ထုတ်ပြန်လိုက်ရော ပြင်ပရှိလူကုန် ဆူဆူညံညံတွေ ဖြစ်လာပါတယ်။ ဒါ သူတုိ့ကို ချွေးသိပ်ရုံသက်သက်ပဲလေ။

“မဖြစ်သင့်ဘူး။ ဒီကိစ္စက သူတို့ သားအဖ နှစ်ယောက် လုပ်ခဲ့တဲ့ ကိစ္စပဲ။ ငါတို့က ဘာလို့ ခေါင်း၀င်ခံကြရမှာလဲ ”

“မှန်တယ်။ အခု ရောက်လာတဲ့လူက ဝူဟောင်ကို ထုတ်ပေးရင် အဆင်ပြေမယ်လို့ ပြောခဲ့တာ။ ဝူဟောင်က ဝူမိသားစုကို ကပ်ဘေးသင့်စေခဲ့တဲ့ အဓိက တရားခံပဲ။ ငါတို့က သူ့ကို ဘာလို့ လက်လွှဲမပေးရဲရမှာလဲ ”

“ဝူဟောင်ကို ထုတ်ပေး ”

“သိပ်ဟုတ်သပေါ့ကွာ။ ငါတို့တွေ အရှင့်ကို သွားတွေ့ပြီး ဝူဟောင်ကို အခု ရောက်လာတဲ့လူဆီ ပေးလိုက်ဖို့ တောင်းဆိုကြမယ် ”

လူတော်တော်များများက ဝူဟောင်ကို အိမ်ရှေ့စံမင်းသား နေရာ ပေးလိုက်စဉ်ကတည်းက သိပ်မကြည်ခဲ့ကြတာပါ။ ဘာလို့ဆို မင်းသားအားလုံးက သူနဲ့ ယှဉ်ပြီး အိမ်ရှေ့စံနေရာ ယူခွင့်ရှိတယ် မဟုတ်လား။

ကျန် မင်းသားအားလုံးရဲ့ နောက်ခံက ဝူဟောင်လောက် မကောင်းပေမယ့် သူတို့တွေက တော်၀င် သားတော်တွေပဲလေ။ တော်၀င်မျိုးဆက် စစ်စစ်တွေပဲဟာကို။ အခုတော့ အဓိက ကပ်ဘေးကို သယ်ဆောင်လာသူ ဝူဟောင်နဲ့ ပတ်သက်ပြီး ပိုလို့တောင် အကြီးအကျယ် မကျေမနပ် ဖြစ်ကုန်ကြပါပြီ။

ဝူဟောင်ကို လွှဲမပေးမချင်း ကပ်ဘေးက ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now