91---100

143 13 0
                                    

လောကသုံးပါးသခင် 
............................. 

Chapter 91:
        .. ဂျန်ချန်.. နတ်ဘုရားလက်နှက်ပိုင်ဆိုင်သူ ..

မင်းသမီးဂုရူတစ်ယောက် စိတ်ရှုပ်ထွေးနေတာရော.. ဒေါထွက်နေတာပါ ရောယှက်ခံစားလို့နေပါတယ်.. မြို့တော်ကနေ ထွက်သွားလိုက်တာနဲ့ သူမ ရင်ထဲမှာ ဟာတာတာ ဖြစ်ပြီး ဘာတစ်ခုမှ အကောင်းအတိုင်း မကျန်ရစ်သလိုပါ..

သူမအတွက် ဂျန်ချန်နဲ့ အတူရှိနေချိန်တွေကို တွေးရင်း ခံစားချက်တွေ ထွေပြားနေပါတယ်.. ဘာလို့ဆို သူမ.. အခုလို ဂျန်မိသားစုအကူအညီ လိုနေချိန်မှာ မကူညီနိုင်ပဲ ဂျန်ချန်ကို စိတ်ပျက်အောင် လုပ်မိသွားတယ်လေ..

ဂျန်ချန်နဲ့ သူမ.. ပထမဆုံးတွေ့တဲ့ နေရာက တော်ဝင်အပျိုဆောင်မှာပါ.. စတွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို သူမကို သင်္ခန်းစာတွေ ပို့ချသွားခဲ့ပါတယ်..

ဒုတိယက.. မိုးပျံနဂါးဂေဟာမှာ ဆေးဘုရင်ဥယျာဉ်နဲ့ မိုးပျံနဂါးမြို့စားကြီးတို့ကို ဂျန်ချန် ပညာပေးတဲ့ တစ်ခေါက်ပေါ့.. အဲ့ဒါက ပထမဆုံးအကြိမ် ဂျန်ချန် အပေါ် မတူညီတဲ့ အမြင်နဲ့ စမြင်တာပါပဲ..

အဲ့ဒီ.. အဲ့ဒီ နောက်တွေမှာတော့ ဂျန်ချန်ရဲ့ လှုပ်ရှားမှုတိုင်းက မင်းသမီးဂုရူကို ကတုန်ကယင်ဖြစ်မှုတွေ.. အံ့သြစရာတွေ.. ပျော်ရွှင်ဖွယ်ရာတွေကို ယူဆောင်လာပေးတယ်လေ..

အဓိကတစ်ချက်ကတော့ သူမကို လမ်းပြပြီး ဒိုသိုင်းပညာမှာ.. ဆယ့်တစ်ကြောချီအဆင့်ကို တက်ရောက်သွားစေတာပါပဲ..

ဒါ့အပြင်ကို ကုသရေးဆေးခန်းမကနေလည်း စိတ်ငြိမ်ဆေးကနေရတဲ့ နှစ်ဆယ်ရာခိုင်နှုန်းသော အမြတ်တွေကြည့်ဦးမလား.. ငုတ်လျိုးနေသောနဂါးစစ်ဆေးပွဲမှာ လောင်မောင်နှမကို နှိပ်ကွက်ထားတာကို ကြည့်ဦးမလား.. ဘယ်လိုပဲ တွက်ချက်နေပါစေ.. အခုလို ပါရမီရှင်တစ်ယောက်က ဒီလိုပုံစံနဲ့ လွင့်ပါးသွားရမယ်လို့ လုံးလုံးတွေးထား ခြင်းမရှိပါဘူး..

သူမအနေနဲ့ ဂျန်ချန် အလောင်းကို မတွေ့ရမချင်း ဒီကိစ္စကို ဘယ်လိုနည်းနဲ့မှ လက်ခံယုံကြည်ပေးလို့မရပါဘူး..

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now