331-------335

67 7 1
                                    

လောကသုံးပါးသခင်
…………………………
Chapter 331:
         ခရမ်းရောင်နေ အဖွဲ့အစည်းတဲ့လား။ စိတ်မ၀င်စားဘူး

လျူ၀မ်ခိုင်က ဘာမှ ထပ်မပြောတော့ဘဲ ဂျန်ချန် ဆီသာ ကြည့်နေပါတယ်။

ပြင်ပက ပါရမီရှင်လေး ဘယိလို ရွေးချယ်မလဲဆိုတာ ငါသိချင်တယ်..

“အဟီး.. ”
ရုတ်တရက် ဂျန်ချန် ထရီပါတယ်။
“အစ်ကို ရှောင်ဖိန်.. တစ်ယောက်ယောက်က အဖွဲ့အစည်းထဲ၀င်ဖို့ အခုလို လာပြောရင် အစ်ကို ဘယ်လို တုန့်ပြန်မှာလဲ ”

ဒန်ဖိန် က တစ်ဖက်လူကို သနားတဲ့အသွင်နဲ့ ကြည့်လိုက်မိပါတယ်။ သူမက ဂျန်ချန် အကြောင်း နေကျေအောင် သိထားသူမို့ လောင်ဂျုဇူးနဲ့ ပြဿနာကိုလည်း နားလည်ပါတယ်။ ခရမ်းရောင်နေ အဖွဲ့အစည်းနဲ့ သူက ပြဒါးတစ်လမ်း သံတစ်လမ်းကိုး။

“အဲ.. ကျွန်တော် နည်းနည်း၀င်ပြောကြည့်ရမလား။ အဖွဲ့အစည်းထဲ ၀င်ဖို့ဆိုတာက တကယ် စဉ်းစားသင့်တာပဲ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံဆယ့်ခြောက်ခုဆိုတာ မိုးကောင်းကင်ရဲ့ အစိတ်အပိုင်း တစ်ခုလောက်တောင် ရှိတာမဟုတ်ဘူး။

လူတစ်ချို့က အဲ့ဒါကို ဒီနေရာမှာ လာပြီး မြင့်မြတ်သလိုလို ဘာလိုလို လုပ်နေတော့။ အင်း.. တကယ့်ကို ရေတွင်းအခြေက ဖားသူငယ်လို ဖြစ်နေတာပဲ။ သူ့ကိုယ်သူ သတိမထားမိလို့ ဖြစ်ပါလိမ့်မယ်။

အဲ့လို လူတွေက ကောင်းကင်ဘုံနဲ့ မြေကမ္ဘာ ဘယ်လောက် ကျယ်ပြောလဲဆိုတာ လုံးဝ မသိတာ သေချာတယ်။ ကျွန်တော်သာဆို သူတို့ထဲ ဝင်ဖို့ထက် မဆဲမိအောင်တောင် အတော် ထိန်းချုပ်ယူရမှာ.. အဟီး ”

ဒန်ဖိန်စကားလုံးတွေက ဓားသွားတွေလို ထက်ရှပါတယ်။ မီးလောင်ရာ ဆီပင့်လိုက်ပုံများ။ ထရိုက်ချင်စရာ ကောင်းကောင်းလွန်းတော့။ နောက်ထပ် ညှိနှိုင်းလာဦးမယ့် အလားအလာတွေ အားလုံးကို ကြိုပိတ်ပစ်လိုက်တော့တာပါပဲ။

ဂျန်ချန်လည်း ဒန်ဖိန် စကားတွေကို ကျေနပ်သွားရလို့ ထူးဆန်းတဲ့ အကြည့်တစ်ချို့ ရောက်သွားမိပါသေးတယ်။

ဒီကောင်က အတော်လေး ဦးနှောက်ကောင်းတာပဲ။ ငါ ဘာတွေးနေလဲဆိုတာ ချက်ချင်း သဘောပေါက်လို့ ဘာမှ ထပ် မပြောတော့အောင် ပိတ်ပြောပစ်လိုက်တယ်။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now