301------305

61 11 0
                                    


လောကသုံးပါးသခင်
…………………………
Chapter 301:
         စတုတ္ထမြောက် စမ်းသပ်စစ်ဆေးခြင်းလည်း ပြိုင်ဘက်မရှိ

ထွဋ်မြတ်မူလ အဆင့်က အဘိုးကြီးတွေ ဘယ်လိုပဲ သူ့အပေါ် အမြင်ရှိနေပါစေ ဂျန်ချန် စိတ်ထဲမှာ အားလုံးကို သတိကြီးကြီးနဲ့ ထားဖို့ ရင်ထဲ တေးထားလိုက်ပါတယ်။

ဟိုအဘိုးကြီး နေဖမ်းသူက အရမ်းကို မောက်မာ ၀င့်ကြွားလွန်းလှပေတည့်လည်း အမွေအနစ် နယ်မြေထဲမှာ စိတ်ကြိုက် မလုပ်ရဲပါဘူး။ သူ့မှာလည်း တစ်ချို့သော အကြောင်းအရာတွေ အတွက် ချင့်တွက်ဆင်ခြင်ဖို့ ရှိပါသေးတယ်။

ဘာလို့ဆို ဒီနေရာမှာ သူတစ်ယောက်ပဲ အကြီးဆုံး မဟုတ်ပါဘူး။ တစ်ခြား ဘိုးဘေး (၃) ယောက်လည်း ရှိနေမှတော့ အင်အားတူ အဖွဲ့အစည်း (၃)လုံးရဲ့ အမျက်ကို ခံယူရလောက်အောင် ငပေါ မှ မဟုတ်ဘဲ။

အခု ပြီးဆုံးခဲ့တဲ့ စမ်းသပ်စစ်ဆေးခြင်းတွေမှာ လူ (၄၀၀,၀၀၀) လောက် ရှိတဲ့ အထဲက (၂၀၀၀၀) ၀န်းကျင်ပဲ ကျန်ပါတော့တယ်။

ဒါက နည်းလွန်းတယ်လို့ ဆိုလို့မရပါဘူး။ အတော်လေး ကျန်ရစ်ခဲ့ပါသေးတယ်။

စတုတ္ထမြောက် စမ်းသပ်စစ်ဆေးခြင်းကတော့ တိုက်ပွဲ၀င်စွမ်းအားပါ။ ဒီပွဲမှာ ဒဏ်ရာဆိုတာ သေချာပေါက် ရကို ရကြပါလိမ့်မယ်။ တိုက်ခိုက်ကြရသည်ကိုး။

ဘာလို့ဆို လက်ရှိ ကျန်ရစ်ခဲ့တဲ့ လူတွေက စူတကာ့စူ ဆိုတာလို အစွမ့်တကာ့ အစွမ်းဆုံးတွေ ချည်းမဟုတ်လား။ သူတို့တွေက ဒီပွဲမှာ ရှိသမျှ အစွမ်းကုန် ထုတ်သုံးလို့ ကိုယ့်အရည်အချင်းကို ပြနိုင်မယ့် အချိန်အတွက် စိတ်အား ထက်သန်နေကြလေရဲ့။

“စတုတ္ထမြောက် စမ်းသပ်စစ်ဆေးခြင်းက တိုက်ပွဲ၀င်စွမ်းရည်ပဲ။ မင်းတို့တွေရဲ့ သိုင်းပညာစွမ်းရည် ဘယ်လောက် ရှိသလဲဆိုတာကို ကြည့်ကြမယ် ”

ဒီစကားပြောရင်း ကြီးကြပ်သူက ချောမွေ့နေသော မျက်နှာပြင်ရှိတဲ့ ကျောက်တုံး တစ်တုံးကို ညွှန်ပြပါတယ်။ ဒါက ဧကပေါင်း များစွာကို ကျယ်၀န်းပြီး အတော်လေး ကြီးမားပါတယ်။

“မင်းတို့တွေ ဟောဟိုက ချောမွေ့ နေတဲ့ ကျောက်ချပ်ကြီးကို တွေ့ကြလား ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now