381------390

78 6 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 381:
         ထိပ်တန်းရောက် ပါရမီရှင်များ စုဝေးခြင်း

အရပ်ရှည်ရှည်.. ဗလ တောင့်တောင့်နဲ့ အနည်းငယ် ထိပ်ပြောင်နေတဲ့ လူငယ်တစ်ယောက်က ကျယ်ပြောတဲ့ ခြံ၀င်းအတွင်းမှာ ခြေနှစ်ဖက်ယှက်လို့ ထိုင်နေပါတယ်။

ရွှေရောင် ၀တ်ရုံကို ၀တ်ဆင်ထားတဲ့ သူ့အသွင်က ဓားတွေ ပုဆိန်တွေနဲ့ ထွင်းထုထားတဲ့ ပန်းပု တစ်ခု အလား ထင်မှတ်မှားရလေရဲ့။ ထူးခြားစွာပဲ သူ့ဆီကနေ အားကောင်းတဲ့ ခံစားချက်တွေ ပျံ့လွင့်လာနေပါသေးတယ်။ တမင် ထုတ်လွှတ်ထားခြင်း မရှိတဲ့ အော်ရာတွေက သဘာ၀အတိုင်း ပျံ့လွင့်နေတာ ဆန်းကျယ်လွန်းပေစွ။

သူ့ နာမည်ကတော့ လိန်ဂန်ရန် ပါ။ ခရမ်းရောင်နေအဖွဲ့အစည်းရဲ့ လူငယ်မျိုးဆက်မှာ အားအကောင်းဆုံး လူတစ်ယောက်။

လောင်ဂျုဇူးလို မွေးရာပါ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ သူတောင်မှပဲ သူ့အရှေ့မှာ ခပ်ထည်ထည် မနေ၀င့်ပါဘူး။ သူ့ အော်ရာတွေက တကယ်ပဲ လွှမ်းမိုးနိုင်စွမ်း ကြီးမားပါတယ်။

သူမနဲ့ ဆန်ရှီတို့ နှစ်ယောက်သား လိန်ဂန်ရန် ဝဲဘက်နံဘေးမှာ ရပ်နေကြပါတယ်။ နောက် လူငယ် သုံးယောက်ကတော့ သူ့ ယာဘက်မှာ ရပ်နေကြပါတယ်။ ဒါကို ကြည့်ရင် သူတို့ အားလုံးက လိန်ဂန်ရန်ကို အဖွဲ့အစည်းထဲမှာ သူတို့ ခေါင်းဆောင် အနေနဲ့ သတ်မှတ်ထားတယ်ဆိုတာ သိသာပါရဲ့။

စုစုပေါင်း (၆) ယောက် ပေါ့။ အားလုံးက ခရမ်းရောင်နေအဖွဲ့အစည်းကဖြစ်ပြီး လူရွေးပွဲမှာ ထိပ်ဆုံးက ရပ်နေကြသူတွေပါ။

ဒါကြောင့် အခုတစ်ခေါက် အစည်းအဝေးခေါ်တာ လိန်ဂန်ရန် ဖြစ်မှာ မလွဲပါဘူး။

တစ်ခြား အဖွဲ့အစည်း သုံးခုက ထိပ်တန်းရောက် ပါရမီရှင် အသီးသီးလည်း ရောက်နေကြပါပြီ။ တန်ဟောင် ကတော့ ချွင်းချက်ပေါ့။ သို့ပေတည့်လည်း အဖိုးတန်သစ်ပင်အဖွဲ့အစည်းက လူတွေက တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ် မရှိနေကြပါဘူး။ ဒါကိုကြည့်ရင် သူတို့တွေက တစ်ယောက်နဲ့ တစ်ယောက် ခေါင်းဆောင်မတင်မြှောက်လိုကြတာ အသိသာကြီးပါ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now