51---60

209 15 1
                                    

လောကသုံးပါးသခင်
............................

Chapter 51:
             အလင်းဖောက် ရွှေငှက်မွှေးဓားပျံ

ရက်ပေါင်းများစွာကြာတဲ့အထိ ဂျန်ဟန်ဂေဟာမှာ ဂျန်ချန် ရက်ဆက်လေ့ကျင့်နေပါတယ်.. သူ ခုနှစ်ကြောချီအဆင့် စွမ်းအားတွေကို ခိုင်မာကြမ်းတမ်းလာအောင် ဆက်တိုက် လေ့ကျင့်နေပါတယ်.. သူ ချီကြောတွေကို သန်မာအောင် လုပ်ရမယ်ဆိုတဲ့ အချက်ကို ဘယ်တော့မှ ပေါ့ပေါ့ ဆဆသဘောမထားပါဘူး.. ရွယ်တူ ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ချီကြောတွေကို သန်စွမ်းအောင်လုပ်တာက ဘယ်လောက်အရေးပါမှန်း သူ့လောက် ဘယ်သူမှ မသိနိုင်ပါဘူးလေ.. ချီကြောတွေကို ခိုင်မာအောင်လုပ်ပြီး နောက်တစ်ဆင့်တက်မှသာ.. စိတ်ချရတဲ့ အခြေအနေမှာရှိပါတယ်.. မဟုတ်ရင် မလိုလားအပ်တဲ့ အရာတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်.။

ကျင့်ကြံခြင်းလမ်းစဉ် ခရီးရောက်လာလေ.. နောက်တစ်ဆင့်တက်ဖို့က အခက်အခဲကြီးမားလာလေ ဆိုတာ သဘာဝမှန်း သူသိပါတယ်.. အဲ.. အထိုက်အလျောက် စွန့်စားရတာတွေလည်း ပိုများလာလေပေါ့။

သူ လောဘတကြီးနဲ့ အရှိန်ကုန်မြှင့်လေ့ကျင့်ပြီးကာမှ ချီကြောပေါက်တာပဲ ဖြစ်ဖြစ်.. ဆိုးရွားတာ တစ်ခုခုကြုံရပြီး.. ဒုက္ခိတ ဖြစ်သွားရင် မခက်ဘူးလား..

ခုနှစ်ကြောချီအဆင့် စွမ်းအားနဲ့ဆိုရင် ဂျန်ချန်အတွက် ဒိုသိုင်းကျင့်စဉ်နှစ်ခုမှာ အတော်လေး ခရီးရောက်အောင် လေ့ကျင့်နိုင်ပါပြီ..

သမုဒ္ဒရာခွဲလက်ဝါးကျင့်စဉ်မှာ စုစုပေါင်း ပုံစံ ခုနှစ်မျိုးရှိပါတယ်.. လက်ရှိမှာတော့ ပထမ နှစ်မျိုးကို သူလေ့ကျင့် အောင်မြင်ပြီးပါပြီ။

ပထမပုံစံဖြစ်တဲ့ 'လှိုင်းခွဲလက်ဝါး' နဲ့ ဒုတိယပုံစံ 'လှိုင်းခွင်းလက်ဝါး' တို့က.. အဆင့်မြင့်လာလေ ချီလှိုင်းလုံးအလွှာတွေ များလာလေပါပဲ.. ဂျန်ချန်က အဲ့ ပုံစံနှစ်မျိုးကို ထူးကဲပြည့်စုံ အဆင့်ရောက်အောင် ကျင့်ကြံနိုင်ခဲ့ရုံတင်မကပဲ ပုံစံ နှစ်မျိုးကိုပေါင်းပြီး စွမ်းအားကို နှစ်ဆတိုးအောင်လည်း ကျင့်ကြံနိုင်ခဲ့ပြီးပါပြီ..

ဒဏ္ဍာရီအရတော့ 'အေရွန်နတ်ဘုရားလက်သီးကျင့်စဉ်' က 'သမုဒ္ဒရာခွဲလက်ဝါးကျင့်စဉ်' ထက် အဆအများကြီး ပို အစွမ်းထက်တယ်လို့ ဆိုပါတယ်။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now