221-----230

112 11 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 221:
        တရားခံ တွေ့ပြီ

ရီဝေါင် တစ်ယောက် အိမ်ရှေ့စံမင်းသား ဖြစ်လာခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့ နဂါးစွယ်အစောင့်အကြပ် တပ်အပေါ်မှာ ထိန်းချုပ်မှုက တဟုန်ထိုးကောင်းမွန်တိုးတက်ပြောင်းလဲ လာခဲ့ပါတယ်.. သူ့ဘက်က လူတွေကိုလည်း နေရာကောင်းတွေမှာ အသီးသီး တာ၀န်ခွဲဝေ ထမ်းဆောင်နေစေလေရဲ့

ဥပမာ ပြရရင် တီယန်ရှောင် ဆိုလည်း မူလရာထူးကနေ တပ်တစ်ခုကို အုပ်ချုပ်ရတဲ့ ဗိုလ်ချုပ် အဖြစ် တိုးမြှင့်ခြင်း ခံခဲ့ရတယ်လေ

ရှင်ဝူဒေါင်နဲ့ လူဝူဂျီ တို့နှစ်ဦးကတော့ ရီဒိ်ုင်နဲ့ ခင်မင်ရင်းနှီးခဲ့ကြသလို ရန်စောင်ခဲ့သူတွေမို့ သူတို့ ရာထူးတွေတော့ လျှော့ချခြင်း မရှိပေမယ့်လည်း သိသိသာသာကို နိမ့်ကျတဲ့ ပုံရိပ်မျိုးသာ ပိုင်ဆိုင်ရရှာပါ တယ်.. သူတို့တွေရဲ့ တောက်ပခမ်းနားသော ပုံရိပ်တွေနေရာမှာ တီယန်ရှောင် ၀င်ရောက်လာပါတယ်

ညွှန်ကြားရေးမှူးချုပ် ရှိန်ဂွမ်ရီ တောင်မှပဲ ဒီအခြေအနေကို ကောင်းကောင်းကိုင်တွယ်နေပါတယ်.. သူက တီယန်ရှောင်ကို နဂါးစွယ်အစောင့်အကြပ်တပ် အရေးအခင်းတွေမှာ မျက်နှာလွှဲလို့ ထားနိုင်လောက် အောင် အလေးပေးခဲ့တယ်လေ

“သခင်လေးချန်.. ဒီမှာ ပျံသန်းခွင့် လက်မှတ် (၃၀).. အဲ့ဒီ ပျံသန်းခွင့်လက်မှတ်တွေနဲ့ဆို ငါ့ညီ ယူလာခဲ့တဲ့ ရွှေတောင်ပံ ဓားငှက်တွေ မြို့တော်မှာ စိတ်ကြိုက်ပျံသန်းလို့ ရပြီ.. တော်၀င်နန်းတော်က လွဲရင် ဘယ်နေရာမှာမှ အကန့်အသတ်မရှိတော့ဘူး.. ”

တီယန်ရှောင်က ဂျန်ချန်လက်ထဲကို လက်မှတ်တွေ တစ်ထပ်ကြီး ထည့်ပေးပါတယ်
“လူအိုကြီးတီယန်.. ဒီတစ်ခေါက် ဒုက္ခပေးမိသလို ဖြစ်သွားပြီ.. ”

တီယန်ရှောင်က သူ့လက်ကို ကာရမ်းပြရင်း
“သခင်လေးချန်.. ကျွန်တော်တို့တွေ မြို့တော်က အမှောင်အင်အားစုတွေ.. ဂိုဏ်းတွေ.. အဖွဲ့အစည်းတွေ အားလုံးကို လွန်ခဲ့တဲ့ ရက်တွေတုန်းက သေချာ စုံစမ်းစစ်ဆေးခဲ့ပြီးပြီ.. ဒါပေမယ့် ဒီကိစ္စက သူတို့တွေနဲ့ လုံး၀ မဆိုင်ဘူးဆိုတာ အတည်ပြုနိ်ုင်ခဲ့တယ်.. ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now