156----160

94 8 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 156:
          ညွှန်ကြားရေးမှူးယန် စောက်သဲပေါက်စွာကို ကြေကွဲရပြီ..

ဂျန်ချန် တစ်ယောက် ထွက်မသွားခင်လေးမှာ နဂါးစွယ်အစောင့်အကြပ်တပ်ရဲ့ အတွင်းရေးကို ၀င်မစွက်ဖက်ဘူးလို့ ဆိုတာရယ် ဒီကိစ္စပြီးတဲ့နောက်မှာ ဘာတွေ ဆက်ဖြစ်လာဦးမယ် ဆိုတာရယ် ပြော သွားတာက ပျော့ပြောင်းသလို ထင်ရပြီး လူဝူဂျီရဲ့ နားထဲမှာ ပေါ့တန်လွန်းလို့ နေပါတယ်..

တကယ်သာ ဂျန်ချန် ရန်ငြိုးထားတတ်ခဲ့ရင် အခုက အချိန်ကောင်းပဲဟာကို.. ဒါကို ဖမ်းဆုပ်ပြီးတော့ ဒေါသတွေဖြေလို့ ရတယ်မဟုတ်ဘူးလား.. အခုဟာက ဒီကိစ္စတွေသာ ဖြေရှင်းပြီးသွားမှ ထပ်လာပြီး ပြန်အစဖော်နေရင်လည်း သူ့လို တိ်ုင်းတပါးသား အတွက် ဘယ်သူကများ အာရုံစိုက် လုပ်ဆောင်နေမှာ လဲ..??

“သူက နိုင်ငံငယ်လေးကလာတဲ့ တကယ့်တောသားပဲ.. ရန်ငြိုးတောင် မချေတတ်ရှာဘူး.. သေချာတာ တစ်ခုက သူ ငါ့ကို ကြောက်သွားတာ ဖြစ်မယ်.. အာ.. ထားလိုက်ပါတော့လေ.. လူအိုကြီး ဂျောင်က ငါ့ကို မကြိုက်ပေမယ့် ဒီအဖြစ်အပျက်တွေကို ကိ်ုင်တွယ်မှာက ဦးလေးပဲဟာ .. သူက အလကားလူကြီးပါ.. ”

အခုလိုတွေးရင်း လူဝူဂျီ တစ်ယောက် စိတ်အေးလက်အေး ရှိလို့နေပါပြီ.. အကယ်၍သာ ဂျောင်ခိုင်က နဂါးစွယ်အစောင့်အကြပ် အမှတ်အသား တံဆိပ်တော်ကို ကိ်ုင်ဆောင်လာခြင်း မရှိဘူးဆိုရင် သူ ထောင်ထောင် ထောင်ထောင် လုပ်နေဦးမှာပါ..

ဘယ်လိုပဲ ဖြစ်နေပါစေလေ.. ဂျန်ချန်က သူ့ကို အံ့သြစရာတွေ ပေးသွားတယ်ဆိုတာ ၀န်ခံရပါလိမ့်မယ်..

ပိုပြီးအံ့သြစရာကောင်းတာ တစ်ခုက ဂျောင်ခိုင် ကလည်း သူ့လက်ကို ဝှေ့ရမ်းလိုက်ရင်း…
“ဒီနေ့အဖြစ်အပျက်အတွက် အေးအေးဆေးဆေး ပြီးသွားပါစေလို့သာ ဆုတောင်းနေ.. ”
လို့ပဲ ပြောဆို ထွက်ခွာသွားတာပါ..

ဂျောင်ခိုင်လည်း နဂါးစွယ်အစောင့်အကြပ်တပ် အမှတ်အသား တံဆိပ်နဲ့ ထွက်ခွာသွားရော.. လူဝူဂျီ ဆိုတာ မုန်းတီးမှုအပြည့်နဲ့ ဒူးထောက်နေရာကနေ ထရပ်လာပါတယ်..
“ဘယ်လောက်တောင် ကံဆိုးလိုက်သလဲလို့ ညွှန်ကြားရေးမှူးချုပ်လို ပုဂ္ဂိုလ်မျိုးက အခုလို ခပ်ပေါပေါ အရေးကို ၀င်စွက်ဖက်လိမ့်မယ်လို့ လုံး၀ မထင်ထားဘူး.. တောက်!! ဂျောင်ခိုင်လို အသုံးမကျတဲ့ အဘိုး ကြီးကတောင် တံဆိပ်တော် အားကိုးနဲ့ ငါ့ကို အနိုင်ကျင့်စော်ကားသွားတယ်.. ဘယ်လောက် ကံဆိုးလိုက်လဲ.. ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now