241--------250

114 11 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 241:
         လက်ထပ်ခွင့်တောင်းခံခြင်းနဲ့ မင်္ဂလာပွဲ
       
တောင်ပိုင်းနန်းတော် ခေါင်းဆောင်က သင့်တင့်တဲ့ အဆင့်အတန်းတစ်ခု ရှိရမယ်လို့ လက်ခံယုံကြည် ထားမှတော့ ဂျန်ချန်က ချောင်ဘိုင်ရှီကို စိတ်ပျက်စေလို့ မရတော့ပါဘူး

ဂျန်ချန်က သူ့လူကို အရမ်းကို တန်ဖိုးထားတတ်သူမို့ ဒီကိစ္စမှာ ချောင်ဘိုင်ရှီ မျက်နှာ မပျက်စေဖို့ အရေး အားကုန်ထုတ်သုံးရပါလိမ့်မယ်

လူအိုကြီးဖိန် ဆီက ကတိစကားကို ရထားပြီးပေမယ့် သူ ချက်ချင်း စာတွေ ချရေးလို့ ရတနာအသင်္ချေနန်းတော် ဒုတိယ ခေါင်းဆောင် ရှီရှောင်းယောင်၊ အိမ်ရှေ့စံမင်းသား ရီဝေါင်နဲ့ တီယန်ရှောင် တို့တွေကို ဖိတ်ကြားလိုက်ပါတယ်

ဆရာသခင် ဂေဟာက မိန်းကလေး ဒန်ဖိန် တောင်မှပဲ ဂျန်ချန် ဆီက စာကို လက်ခံရရှိပါတယ်

တောင်ပိုင်းနန်းတော် ခေါင်းဆောင်တစ်ယောက်က ပွဲတွေ သိပ်လုပ်ချင်နေမှတော့ ဘယ်သူက ပိုလို့ အားကောင်းလဲ သိစေရတော့မပေါ့

…………………………

နောက်ရက် မနက်ပိုင်း အရောက်မှာ.. သူ့လက်အောက်ခံ တစ်ယောက်က သတင်းပို့လာခဲ့ပါတယ်

နဂါးစွယ်အစောင့်အကြပ်တပ်က တီယန်ရှောင် ရောက်လာချေပြီ တကား။

တကယ်တမ်းဆိုရရင် တီယန်ရှောင်က ဂျန်ချန် အပေါ် အတော်လေး သစ္စာရှိသလို နောက်လိုက်ဖို့ ၀န်မလေးတဲ့ လူတစ်ယောက်ပါ

ဂျန်ချန်က သူ့ကို ပို့လိုက်တဲ့ စာကို ရလိုက်တာနဲ့ နောက်ရက်မှာ မဆိုင်းဘဲ ဌာနချုပ်ကနေ ထွက်လာခဲ့မိတာပါ။ သူက ဂျန်ချန် အောင်နိုင်ခြင်းကောင်းကင်နိုင်ငံ မြို့တော်ကို စရောက်လာတယ် ဆိုကတည်းက ထိတွေ့ဆက်ဆံ လာခဲ့ရတာမို့ ဂျန်ချန် အပေါ်မှာ မသိစိတ်ထဲကရော သိစိတ်ထဲကပါ ကိုးကွယ်ယုံကြည်ပါတယ်

“သခင်လေးချန်. မနေ့က ကျွန်တော် သခင်လေးဆီက စာကို ရလိုက်တာနဲ့ ချက်ချင်း ပြေးလာချင်တာ။ ဒါပေမယ့် တံခါးပိတ် လေ့ကျင့်ရာကနေ အခုမှ ထွက်လာတယ် ဆိုတာ သိထားလို့သာ အနားယူနေမှာပါ ဆိုပြီး မလာခဲ့တာ မဟုတ်ရင် .. ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်Donde viven las historias. Descúbrelo ahora