271------280

91 11 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 271:
         ခြိမ်းခြောက် ငွေညှစ်ဖို့ အခွင့်အရေး

ဂျောင်ရီနဲ့ သံမဏိဒါဇီ တို့တစ်တွေ ဘယ်လောက်ပဲ ပြောဆိုနေကြပါစေ ဂျန်ချန် ဘာမှ ထပ်မပြောဘဲ လျစ်လျူရှုထားလိုက်ပါတယ်။ လက်ရှိ သူ့ခေါင်းထဲမှာ တွေးနေတာက နှစ်ယောက်လုံးကို သေရွာ အလည် ပို့ပေးလိုက်ဖို့ပါပဲ။

မြှားတွေ ပစ်လွှတ်လိ်ုက်တော့မယ့် အချိန်မှာပဲ ညင်သာတဲ့စကားသံ တစ်ခု ပျံ့လွင့်လာပါတယ်။

“ဂျန်ချန်.. ခဏ! ”

ဒီအသံက တိုးပေမယ့် လေထုကို ဖြတ်ပြီး သယ်ဆောင်လာတာတောင် ခမ်းနား ကြီးကျယ်နေတုန်းပါ။

“အမ်.. ဘယ်သူများလဲ ”

သူ့ နားရွက်တွေက လှုပ်ခါသွားပြီး အသံလာရာဘက် အတိအကျကို နတ်ဘုရား မျက်လုံးနဲ့ လှမ်းကြည့်လိုက်ပါတယ်။ ဟိုးအဝေးမှာ နဂါးငယ်လေးကို စီးနင်းလိုက်ပါလာတဲ့ အစိမ်းရောင် ပုံရိပ်တစ်ခု ရှိနေလေရဲ့။ သူကတော့ ရီချောင်လုံပါ။

လက်ရှိမှာ အောင်နိုင်ခြင်းကောင်းကင်နိုင်ငံ တစ်ခုလုံးမှာရှိတဲ့ စိတ်ဝိညာဉ်ထိပ်ဆုံး အဆင့်ပညာရှင်တွေ လာတာရင်တောင် ဂျန်ချန် မြှားကို ဆက်ပစ်လွှတ်လိုက်ဦးမှာပါ။

အဲ.. ရီချောင်လုံကတော့ ချွင်းချက်ပေါ့။

ဒီနိင်ငံမှာ သူ့ကိုလားတာတဲ့ ဘယ်သူ့ကို မဆို သူ မျက်နှာသာ မပေးဘဲ လေးညှို့ကို ဆွဲပစ်လိုက်မှာပါ။ မျက်တောင် တစ်ချက်မှ ခတ်မှာ မဟုတ်ပါဘူး။

ရီချောင်လုံရဲ့ စကားတစ်ခွန်းကတော့ သူ့ကို တန့်သွားစေဖို့ လုံလောက်နေပြီလေ။ မြှားပစ်ဖို့တော့ ဝေးလေစွ။

သူ့အောက်ဘက်မှာ ရှိနေတဲ့ ဓားငှက်တပ်က သတိမပြတ်စေရဘဲ နေရာတကျ စောင့်ကြပ်နေလေရဲ့။

“ဆရာသခင်.. ဘယ်လိုဖြစ်လို့ ဒီရောက်လာတာပါလဲ ခင်ဗျ.. ”
ဆရာသခင် အဖွဲ့အစည်းကို သွားနေတာကို ဂျန်ချန် မသိပါဘူး။ ဒီနေရာကို တမင်သက်သက် သူ့ ဂေဟာကနေ ရောက်လာတယ်ပဲ ထင်ထားတာပါ။

“အဖွဲ့အစည်းကနေ သတင်းရလို့ဟေ့။ သံမဏိမိသားစုက လူတစ်ချို့ လျို့ဝှက်စေလွှတ်ပြီး ငါ မရှိတုန်း ပြဿနာရှာဖို့ ဒီကို သွားတယ်ကြားတာနဲ့ သူတို့တွေ မင်းဆီ လာတာဖြစ်မယ်လို့ အတပ်သိပြီး ပြေးလာတာ။ လခွမ်း.. မင်းကချည်းပဲ တီးနေပါလား။ ငါ စိုးရိမ်ကြီးခဲ့မိတာပဲ ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now