41---50

152 12 0
                                    

လောကသုံးပါးသခင်
...........................

Chapter 41:
          မြို့တော်ရဲ့ ရေပန်းစားဆုံး သတင်း

အကြမ်းဖျင်းအားဖြင့် လေးနာရီလောက်ကြာပြီး နောက်မှာ ဂျန်ချန် လျို့ဝှက်အခန်းထဲကနေ ထွက်လာပါတယ်.. အမှန်တကယ် အဆိပ်ကို ကုသတာက တစ်နာရီပဲ ကြာပါတယ်.. ကျန်တဲ့ သုံးနာရီက သမုဒ္ဒရာကိုးစင်းရီမောခြင်းလျို့ဝှက်ကျင့်စဉ်ကို သူ့အဖေအပြည့်အဝ နားလည်သဘောပေါက်အောင် သင်ကြားပြသနေလို့ပါ..

အဲ့ သုံးနာရီအတွင်းမှာ ဂျန်ချန် ကျင့်စဉ်ရဲ့ လျို့ဝှက်ဆန်းကျယ်မှုတွေ.. လေ့ကျင့်ရာမှာ လိုအပ်တဲ့ အဓိကအချက်တွေ.. သမုဒ္ဒရာကိုးစင်းရီမောခြင်းလျို့ဝှက်ကျင့်စဉ်ရဲ့ အသေးစိတ်တွေကို အသေအချာ ပြောပြနေရတာနဲ့ပဲ ကုန်ဆုံးစေခဲ့ပါတယ်။

ဆန်းကျယ်ရေလှိုင်းကျင့်စဉ်နဲ့ သမုဒ္ဒရာကိုးစင်းရီမောခြင်းလျို့ဝှက်ကျင့်စဉ်နှစ်ခုရဲ့ ကွာဟချက်တွေကို ပေါင်းကူးလေ့ကျင့်စေတာက အဲ့လောက်ခက်ခဲတဲ့အရာတစ်ခု မဟုတ်ပါဘူး.. ပြောရရင် ဆန်းကျယ်ရေလှိုင်းပညာက သမုဒ္ဒရာကိုးစင်းရီမောခြင်းလျို့ဝှက်ကျင့်စဉ် ပညာကနေ ခွဲထွက်လာတဲ့ အစိတ်အပိုင်းတစ်ခုပဲလေ..

သမုဒ္ဒရာကိုးစင်းရီမောခြင်းလျို့ဝှက်ကျင့်စဉ်က ဆန်းကျယ်ရေလှိုင်းပညာရဲ့ အဆင့်မြင့် ကျင့်စဉ်တစ်ခုဆိုလည်း မမှားတော့ တစ်ဆင့်ထပ်ပြီး လေ့ကျင့်ဖို့ပဲ ရှိပါတယ်။

ဒါပေမယ့်လည်း သမုဒ္ဒရာကိုးစင်းရီမောခြင်းလျို့ဝှက်ကျင့်စဉ်ရဲ့ ဆန်းကျယ်မှုတွေ အစွမ်းထက်ခြင်းတွေက ဆန်းကျယ်ရေလှိုင်းထက် ဆယ်ဆလောက်များပါတယ်...... အသေးစိတ်လာပြီး ဟာကွက် ပျော့ကွက် မရှိသလောက် ကိုရှားပါတယ်။

ဂျန်ဟန်မြို့စားကြီး ဂျန်ဖန်း ရဲ့ ပါရမီက အတော်လေးကို ကောင်းပါတယ်.. မဟုတ်ရင် ဆန်းကျယ်ရေလှိုင်းကျင့်စဉ် ရဲ့ အထွဋ်အထိပ်ကို အသက် သုံးဆယ်အရွယ်စွန်းစွန်းမှာပဲ ရောက်ဖို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။

ကျင့်စဉ်ရဲ့ ကန့်သတ်ချက်တစ်ခုကြောင့်သာမဟုတ်ရင် သူ့ အစွမ်းအစက သေချာပေါက် ကိုးကြောချီ အဆင့်ထက် အများကြီး မြင့်နေလောက်ပါပြီ.. သူ အချိန်အတော်ကြာကတည်းက စစ်မှန်သော ချီ ဆရာသခင် အဆင့်ကို ရောက်နေနိုင်ပါတယ်။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Onde as histórias ganham vida. Descobre agora