311-------315

61 10 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 311:
        ဘုရင်နှစ်ပါး အကြားက မကြေလည်ခြင်း

တော်သေးတဲ့ အချက်က အားအရမ်းကောင်းလွန်းတဲ့ စိတ်ဝိညာဉ် သားရဲက ပတ်၀န်းကျင်ကို သိပ်အာရုံထားပုံမရတာကြောင့် မြေအောက် ကျောက်သားတွေ ကြားမှာ လူသား တစ်ယောက် ပုန်းအောင်းနေတာကို သတိထားမိပုံ မရပါဘူး။

ကျောက်တုံးတွေကို လျှပ်စီးတန်းတစ်ခု သဖွယ် တိုက်ဖျက်ဖောက်ထွက်နေတဲ့ အသံတွေက ကြာတော့မှပဲ ပျောက်သွားပါတယ်။

ဒီတော့မှ ဂျန်ချန်လည်း သက်ပြင်းမောကြီး မှုတ်ထုတ်မိလေရဲ့
“ပျက်ယွင်းတောင်ကြားက စိတ်ဝိညာဉ်သားရဲတွေက တကယ် သန်မာတယ်။ ကံကောင်းခြင်း ကြမ္မာတစ်ချို့ ရှိပေမယ့် ထောင့်ချိုးတိုင်း ထောင့်ချိုးတိုင်းကနေ အန္တရာယ်က အရန်သင့် စောင့်နေတတ်တာပဲ ”

ဒီစမ်းသပ်စစ်ဆေးခြင်းကနေ တစ်ယောက်မှ ထုတ်ပယ်ခြင်း ပြုမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းအရင်းးကို ဂျန်ချန် အခုတော့ ကောင်းကောင်းကြီး နားလည် သွားခဲ့ပါပြီ။

၀င်ရောက်ယှဉ်ပြိုင်သူတွေကို ထုတ်ပစ်ဖို့မှ မလိုအပ်တော့ပဲ။ ဒီနေရာကနေ အသက်ရှင်လျက် ထွက်လာနိုင်တဲ့သူက ဘယ်လောက် ရှိနိုင်မှာ မို့လို့လဲ။

သေဆုံးနှုန်း အရမ်းများတဲ့ နေရာကနေ ဘာလို့ ထုတ်ပစ်ဦးမှာလဲ။

အတူ ၀င်ခဲ့တဲ့ လူ(၈၀၀၀) လောက်ကနေ (၃၀၀၀) တောင် ကျန်ခဲ့ပါ့မလားလို့ သူ တွက်ချက် ကြည့်နေမိပါတယ်။

အဖွဲ့အစည်းလေးခုက သူတို့ထဲကို တပည့်အဖြစ် ခေါ်ယူဖို့ လူ (၃၀၀၀) လောက် လျာထားတယ်လို့ ဆိုထားပေမယ့်လည်း ဒီစမ်းသပ်စစ်ဆေးခြင်းကနေ လူ (၃၀၀၀) တောင် ထွက်လာနိုင်ပါ့မလားဆိုတာ သံသယ ရှိရပါတယ်။

ဒါက အဆိုးဘက်ကနေ ခန့်မှန်းထားတာ သက်သက်ပါ။

“ငါ ဒါတွေ လိုက်တွေးနေဖို့ မလိုအပ်ပါဘူးလေ။ လူတိုင်းက ကိုယ့် ကြမ္မာနဲ့ ကိုယ် ရှိထားပြီးသား။ ကိုယ့် လမ်းကြောင်းနဲ့ကိုယ် ရှိထားပြီးသားပဲဟာ။ ငါ ဂျန်ချန်ကလည်း ကိုယ့်လမ်းကြောင်းပဲ ကိုယ် အာရုံစိုက်ထားသင့်တယ် ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now