146----150

95 12 0
                                    

လောကသုံးပါးသခင်
..............................
Chapter 146:
..ရိုက်ရုံဘယ်ကမလဲ.. သတ်မလို့..

စီနီယာအကိုကွမ်က တန်လောင်ရဲ့ ဇနီးကို မကောင်းတဲ့အမူအရာတွေနဲ့ ပြောဆိုစော်ကားနေပေမယ့်.. ဂျန်ချန်ကိုတော့ အဲ့လို သွားမလုပ်ရဲပါဘူးလေ.. ဘာလို့ဆို သူက ဂျန်ချန် လက်ထဲမှာ သေလုမတတ် ဖြစ်ခဲ့ရတာ နှစ်ကြိမ်တောင်ကိုး..

ပထမ အကြိမ်တုန်းက.. ဂျန်ချန် ရန်သူ မပွားချင်လို့ ပြဿနာရှောင်ရှားခဲ့တာလေ.. မဟုတ်ရင် အဲ့အချိန် ကတည်းက စီနီယာ အကိုကွမ် သေဆုံးခဲ့ရပြီးလောက်ပါပြီ..

ဒုတိယအကြိမ်မှာ.. ဂျန်ချန် စီနီယာအကိုကွမ်ကို သတ်ဖို့ ရည်ရွယ်ခဲ့ပါတယ်.. ဒါပေမယ့်လည်း စီနီယာအကို ယီချန်စွီ က ကယ်ထုတ်ခဲ့လို့ ရှင်သန်လွတ်မြောက်သွားခဲ့ပါတယ်..

သူ ကံဆိုးမိုးမှောင်ကျတော့မလို အဖြစ်ကနေ လက်မတင်လေး လွတ်မြောက်ခဲ့တဲ့အတွက် စီနီယာ အကိုကွမ် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဒီ အဖြစ်အပျက်တွေကို မေ့သွားပါပြီ.. အခုတော့ ဒီနေ့လို မျိုးမှာ ဂျန်ချန်ကို အခုလိုမျိုး တွေ့လာရမယ်လို့ သူ မထင်ထားမိပါဘူး..

" ထွက်သွားကြစမ်းကွာ.. !! "
စီနီယာ အကိုကွမ် အော်ဟစ်ပြောဆိုလိုက်ပါတယ်..
"ကောင်လေး.. မင်းက ငါ့ စီနီယာ အကိုဟျူ ကို ဆန့်ကျင်ခဲ့တယ်.. သူက မြို့တော်မှာ ရှိတာ မင်း မသိဘူးလား.. အခြေအနေကို ကောင်းကောင်းသဘောပေါက်ရင် အခုချက်ချင်း ထွက်သွားတော့ "

"ပစ္စည်းကို ပြန်ပေးလိုက်ပါ.. "
ဂျန်ချန် တည်ငြိမ်စွာပဲ ပြောလိုက်ပါတယ်..

"ဘာ ပစ္စည်းလဲ.. ?? "
စီနီယာ အကိုကွမ် ဆိုသူက ပိန်းတိန်းတိန်း အမူအရာမျိုး ပြုမူဆက်ဆံနေပါတယ်..

"သောက်ပိုတွေ လုပ်မနေစမ်းနဲ့.. ဝိညာဉ်သစ်နက်သားကို ပြန်ပေးလိုက်.. အခုနော်.. !! "

"ဝိညာဉ်သစ်နက်သား!! မင်း ဘာတွေလာပြောနေတာလဲ.. မင်းသာ ငါ့လမ်းကို ဆက်ပိတ်နေဦးမယ် ဆိုရင် ဓားပြတိုက်လုယက်မှုနဲ့ တရားဆွဲပစ်မယ်.. "
စီနီယာ အကိုကွမ်က ကောက်ကျစ်တဲ့ အပြုံးနဲ့ ရှိနေပါပြီ..
"ဒါက အဇူရာကောင်းကင်တောင်ပိုင်းနန်းတော် နယ်မြေ.. ငါတို့ မြောက်ပိုင်းနန်းတော်က တောင်ပိ်ုင်းနန်းတော်နဲ့ တူညီတဲ့ ပင်ရင်းတစ်ခုတည်းကနေ ဆင်းသက်လာတာ.. တစ်မိသားစုတည်းလို့ ပြောလို့တောင်ရတယ်.. ငါ့ စကားတစ်ခွန်းက အရမ်း သက်ရောက်မှုကြီးမားတယ်နော်.. တစ်ခွန်းထဲပဲ မင်းကို တိုက်ခိုက်မယ့် တောင်ပိုင်းနန်းတော် တပည့် ရာချီပြီး ထွက်လာကြမှာ!! "

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now