291------295

66 12 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 291:

         ဆွဲငင်အားမုန်တိုင်း

ကြီးကြပ်သူ ပြောထားသလိုပါပဲ။ ဆွဲငင်အားစက်ကွင်းရှိနေတဲ့ ရွှေရောင်တောင်တန်းကို စတင် တက်လှမ်းတဲ့ ပထမ အဆင့်က သိပ်ဖိအားမရှိပါဘူး။ သာမန် တောင်တစ်လုံးကို တက်နေရသလို ပင်ပန်းခြင်း အလျဉ်းကင်းလေရဲ့။

ဆွဲငင်အားစက်ကွင်းက ဒုတိယအလွှာကို ရောက်မှ စပြီး တုန့်ပြန်မှု အတော်လေး သက်ရောက်လာတာပါ။ ဒါပေမယ့် သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက ကျင့်ကြံသူတွေ အတွက် ပမွှားလို့ ဆိုနိုင်ပါတယ်။

ဂျန်ချန်လည်း လေးဖင့်မနေတော့ဘဲ တတိယအလွှာထိ ဆက်တက်သွားလိုက်ပါတယ်။

ဆွဲငင်အားက တတိယ အလွှာအရောက်မှာ ဒုတိယ အလွှာထက် ပိုလို့ အားကောင်းလာခဲ့ပါပြီ။ ဒါပေမယ့် ဂျန်ချန် ခြေလှမ်းကို ရပ်တန့်ဖိုးတော့ အေဝးကြီး လိုပါသေးတယ်။

သူ့အနေနဲ့ အရှေ့ကို လျှောက်လှမ်းနေတာ ပုံမှန်ဆိုပေမယ့်လည်း ခြေလှမ်းကိုတော့ ဂရုတစိုက်နဲ့ ချပါတယ်။

အခုမှ စိတ်ဝိညာဉ်တတိယ အဆင့်ကို ရောက်ရုံပဲ ရှိသေးတဲ့ သူ့အတွက် ငါးလွှာအထိ ရောက်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ခဲ့ပါဘူး။

ဘယ်လိုပဲ ဆိုဆို ပထမအဆင့် လူရွေးပွဲရဲ့ တတိယမြောက် စမ်းသပ်စစ်ဆေးမှုက သာမန် အဆင့် ကျင့်ကြံသူတွေကို ပထုတ်ဖို့ ရည်ရွယ်တာမို့ အခက်အခဲတွေက ထင်သလောက် မပြင်းထန်နိုင်ပါဘူး။ အဲ.. သို့သော်ငြားလည်း စိတ်ဝိညာဉ်တတိယအဆင့်ဆိုတာက အောင်မြင်ဖို့ ကျားကုတ်ကျားခဲ အားထုတ်ရပါ လိမ့်မယ်။

စတုတ္ထအလွှာကို သူရောက်တာနဲ့ ဂျန်ချန် တစ်ယောက် သူ့အရှေ့ကနေ မြန်မြန်ဆန်ဆန် သွားခဲ့ကြတဲ့ လူတွေကို တွေ့လိုက်ရပါပြီ။ သူတို့တွေက စတုတ္ထအဆင့်မှာ ထိုင်ပြီး အားပြန်ဖြည့်နေကြတာပါ။

ဒါကိုမြင်တော့ ဂျန်ချန် ပင့်သက်ရှိုက်မိလေရဲ့။

“ဒီအကောင်တွေက မြန်မြန်ချည်း စွတ်သွားနေကြတာပဲ။ မြန်တာက အကျိုးယုတ်စေတာကိုတော့ နားမလည်ကြဘူး။ နောက်ပြီး ဒါက ဆွဲငင်အားစက်ကွင်းရှိတဲ့ ရွှေရောင်တောင်မို့ ထိုင်ပြီး အားဖြည့်ဖို့ ကြာကြာနေလေ ဆွဲငင်အားက ပိုပြီး ပြင်းထန်လေလေပဲ။ တောင်ပေါ်မှာ ကျင့်ကြံတာက ကိုယ့်သေတွင်း ကိုယ်တူးနေကြတာ ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်Tahanan ng mga kuwento. Tumuklas ngayon