211-----220

112 14 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 211:
ဖြစ်စဉ်တစ်ခုလုံး နောက်ကွယ်က ဉာဏ်ကြီးရှင် ရီချောင်

ဂျန်ချန်ကတော့ ဟန်ဆောင်ပန်ဆောင်တောင်လုပ်မနေတော့ပဲ.. ရီချောင်ရဲ့ ကိုယ်ရံတော်တွေဆီ တန်းတန်းမတ်မတ်သွားပါတယ်..

သူက အဲ့ဒီနှစ်ယောက်ကို တစ်ဦးချင်းစီ စူးရှစွာကြည့်လိုက်ရင်း စမေးပါတယ်..
“ဒုတိယမင်းသား.. သူတို့တွေက ခင်ဗျား ကိုယ်ရံတော်တွေလား.. ”

“ဟမ်.. ”
ရီချောင် အံ့အားသင့်သွားပါတယ်..

“သူတို့ နာမည်တွေက ဘာလဲ.. ”
ဂျန်ချန် ဆက်မေးပါတယ်..

“ဂျန်ချန်.. မင်းက အောင်နိုင်ခြင်းကောင်းကင်နိုင်ငံအမှတ်သင်္ကေတ တံဆိပ်ကို ကိုင်ဆောင်ထားသူကြီး ပဲဟာကို ဘာလို့ ငါ့ကိုယ်ရံတော်နှစ်ယောက်နဲ့ ပတ်သက်ပြီး စိတ်၀င်စားနေရတာလဲ.. ”
ရီချောင်ပြုံးရင်း ဆိုပါတယ်..
“သူတို့တွေက ငါငယ်ငယ်လေးကတည်းက စောင့်ရှောက်လာခဲ့ကြတဲ့ ကိုယ်ရံတော်တွေဖြစ်ပြီး နာမည် မရှိဘူး.. ”

“နာမည် မရှိဘူး.. ခွေးတွေတောင်မှပဲ နာမည်မှည့်ပေးကြသေးတာပဲ.. ဒုတိယမင်းသား ခင်ဗျားလူတွေကို အခုလို မဆက်ဆံသင့်ဘူး.. ”

ရီချောင်မျက်နှာက မည်းမှောင်သွားပါတယ်…
“ဂျန်ချန်.. မင်း ဘာကို ဆိုလို တာလဲ.. ”

“ကျွန်တော်က ဘာကို ဆိုလိုရမှာလဲ.. ”
ဂျန်ချန် ခပ်လှောင်လှောင် မျက်နှာပေးနဲ့ ရှိပါတယ်..
“ဒုတိယမင်းသား ဒီ၀င်္ကပါနယ်မြေကနေ ထွက်ခွာသွားတဲ့ အခါကျရင်တော့ အိမ်မက်ဆိုးတွေ မမက်ပါစေ နဲ့.. ဟုတ်ပြီလား.. ကျွန်တော်ကြားတာကတော့ ရွှေဖျက်ကြွက်တွေက အရမ်းကို ခြောက်ခြားစရာ ကောင်းတယ်ဆိုလားပဲ.. ”

ရီချောင် မျက်၀န်းထဲကနေ ရက်စက်ပြီး လူသတ်လိုတဲ့ အငွေ့အသက်တွေ လွင့်ပျံထွက်လာပါတယ်.. ဒါပေမယ့် နောက်ဆုံးတော့ စိတ်လျှော့လိုက်ပုံပါပဲ.. သူက ရီဒိုင်နဲ့ ကွဲပြားပါတယ်.. ပထမ မင်းသား အနေနဲ့ ရီဒိုင်က ကြီးမားတဲ့ အင်အားနဲ့ နောက်ခံရှိတာမို့ ငယ်ငယ်ကတည်းက ထင်ရာစိုင်းဖို့ အခွင့်အရေး ရှိခဲ့ပါတယ်.. သူ့ ရန်သူကိုလည်း စစ်မှန်တဲ့ အင်အားအသုံးပြု တိုက်ခိုက်နိုင်ကြတယ်လေ..

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now