141---145

103 12 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 141:
          ဆ န္ဒ ပြု မျှော် စင်

ဆ န္ဒ ပြု မျှော် စင် က အောင်နိ်ုင်ခြင်းကောင်းကင်နိုင်ငံရဲ့ အနောက်ဘက်ခြမ်းမှာ တည်ရှိပါတယ်.. အဲ့ဒီဘက်ပိုင်းက မြို့တော်ရဲ့ ပျားပန်းခတ်လှုပ်ရှားမှု အများဆုံးသော နေရာတစ်ခုလည်း ဖြစ်ပါတယ်..

တကယ်တမ်းဆိုရရင် ဆ န္ဒ ပြု မျှော် စင် က  မျှော်စင်တစ်ခုပါပဲ.. ထူးခြားတာကတော့ အောင်နိုင်ခြင်း ကောင်းကင် နိုင်ငံရဲ့ အထွဋ်အမြတ်ထားရာ နေရာတွေထဲက တစ်ခုမို့လို့်ပါ..

ဆ န္ဒ ပြု မျှော် စင် က နှစ်စဉ်နှစ်တိုင်း အားလပ်ရက်တွေ.. အထူးသဖြင့် ဆောင်းဦးပွဲတော် မှာ အရမ်းကို လာရောက်သူပေါများပါတယ်.. အဲ့ဒီအချိန်မျိုးမှာ ဆ န္ဒ ပြု မျှော် စင်  တစ်ခုလုံးက လူတွေနဲ့ ပြွတ်သိပ်နေတတ်ပါတယ်.. အောင်နိ်ုင်ခြင်းကောင်းကင်နိုင်ငံမှာ.. လော်ရယ်သစ်ပင်ကို နိုင်ငံကိုယ်စားပြု သစ်ပင်တစ်ခုအနေနဲ့သတ်မှတ်ထားရှိပြီး.. ဆောင်းဦးပွဲတော် မျိုးမှာ အသုံးပြုပါတယ်..

လော်ရယ်သစ်ပင်တွေကို ဆ န္ဒ ပြု မျှော် စင် ပတ်ချာလည်မှာ စိုက်ပျိုးထားပြီး.. လော်ရယ်ပန်းပွင့် တွေက ၁၀ လီ လောက်အထိ မွှေးရနံ့ ရစေတယ်လေ..

ဆောင်းဦးပွဲတော် မစခင် လတစ်၀က်နဲ့ စပြီးလို့ လတစ်၀က်လောက်က အရမ်းကို စိတ်၀င်စားစရာကောင်းပါတယ်.. ဆ န္ဒ ပြု မျှော် စင် ရဲ့ အသက်၀င်သော နေ့ရက်များလို့တောင် ဆိုနိုင်တယ်လေ..

နောက်ဆုံးတော့လည်း ဂျန်ချန်တစ်ယောက် ဆန္ဒပြုမျှော်စင်နဲ့ပတ်သက်လို့ အနီး၀န်းကျင်လျောက်ပတ် မေးရင်း တစ်ချို့သောအကြောင်းအရာတွေကို သိသွားရပါပြီ..

ဆ န္ဒ ပြု မျှော် စင် နဲ့ ပတ်သက်ပြီး အောင်နိုင်ခြင်းကောင်းကင်နိုင်ငံမှာ ကျင်းပလာခဲ့တဲ့ပွဲတော်က နှစ်ပေါင်း တစ်ထောင် ကျော်ခဲ့ပြီလေ.. တော်၀င်မိသားစု၀င်တွေကစလို့ ဟိုးအောက်ခြေက အဆင်းရဲဆုံး လူအထိ လူတန်းစားမရွေး ဆ န္ဒ ပြု မျှော် စင် မှာ မဖြေရှင်းနိ်ုင်သေးတဲ့ အခက်အခဲတွေကို ဆုတောင်း စာလိပ်မှာရေးပြီး ထားလို့ ရပါတယ်..

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now