366------370

66 5 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 366:
         အမှတ်များ ရယူခြင်း

မျက်လုံးချင်း ဆုံခိုက်မှာ မမြင်နိုင်တဲ့ မီးပွားတစ်ချို့ စင်ထွက်သွားပါတယ်။ သူတို့တွေက အချင်းချင်း မစိမ်းကြသူတွေမို့ နှလုံးသား အစုံကလည်း တဖောင်းဖောင်း ခုန်လာပါပြီ။

လောင်ဂျုဇူးကလည်း ပြင်ပက ပါရမီရှင်ကောင်လေးဆိုတာ ဂျန်ချန်လို့ သိလိုက်သလို ဂျန်ချန်ကလည်း သူ့ကို လောင်ဂျုဇူး မှတ်မိသွားပြီဆိုတာ ကောင်းကောင်းကြီးနားလည်လိုက်ပါတယ်။

အဲ့ဒီအခိုက်အတန့်မှာ လောင်ဂျုဇူးရဲ့ လူသတ်လိုစိတ်တွေက လျံဖိတ်လို့လာလေရဲ့။ ဂျန်ချန်ကတော့ ပီဘိ မတုန်မလှုပ်ကျောက်ရုပ်။

သူတို့တွေက မဟာပြိုင်ဘက်တွေလို့ သူများတွေ သမုတ်နေကြသလိုပဲ နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာ ဘယ်သူက ပိုပြီး အစွမ်းထက်တယ်ဆိုတာ ကောင်းကောင်း မသိကြပါဘူး။ စိတ်လှုပ်ရှားခြင်းတွေကတော့ အပြည့်။

တကယ်ဆို လောင်ဂျုဇူး ရင်ထဲမှာ အံ့အားသင့်ခြင်းတွေက နေရာအပြည့် ယူထားပါတယ်။
“ဒီတိရစ္ဆာန်ကောင်က ဘယ်လို ကံကောင်းခြင်းတွေနဲ့ ကြုံခဲ့ရတာများလဲ။ ငါ့ မျက်လုံးတွေက အသွင်မဲ့ အဇူရာဖီးနစ် အော်ရာတွေ အပြည့်အသိပ် ရှိနေတာကို သူ့ တာအို နှလုံးသားက နည်းနည်းမှတောင် ယိမ်းယိုင်မသွားခဲ့ဘူး။ အဲ့ခွေးကောင် နှလုံးသား တာအိုမှာ အတော်လေး နက်ရှိုင်းနေခဲ့ပြီပဲ ”

“ဒီကင်းမြှီးကောက်လို နှလုံးသားညစ်ပါတ်တဲ့ မိန်းမက ခရမ်းရောင်နေအဖွဲ့အစည်းမှာ ရတနာ တစ်ပါးလို ဆက်ဆံခံရတာမို့ သုံးနှစ်လောက် အတွင်းမှာ မြေကမ္ဘာစိတ်ဝိညာဉ်နယ်ပယ် အထွဋ်အထိပ်အဆင့်တောင် ရောက်နေပြီပေါ့။ တိုးတက်မှုနှုန်းက ငါ့ထက် မြန်နေပါ့လား ”

ဂျန်ချန် တစ်ယောက် အံ့အားသင့်သွားတယ်ဆိုပေမယ့်လည်း ဒါကို မျှော်လင့်ထားပြီးသားပါ။ လောင်ဂျုဇူးထက် ပိုတဲ့ အားသာချက်ဆိုလို့ သူ့မှာ အတိတ်ဘ၀က အသိပညာ.. ဗဟုသုတနဲ့ အတွေ့အကြုံတွေပဲ ရှိပါတယ်။

လောင်ဂျုဇူးရဲ့ အားသာချက်ကတော့ သိသိသာသာပါပဲ။ မွေးရာပါ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သူမကို တစ်ပါးလူထက် သာလွန်မြင့်မြတ်တဲ့ တိုးတက်မှုနှုန်းကို ပေးစွမ်းနိုင်တာ မဆန်းပါဘူး။ ဒီလို ခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုးက သိပ်အားစိုက်စရာမလိုအပ်ပဲ ပိုပြီး ကောင်းမွန်တဲ့ ကျင့်စဉ်တိုးတက်မှုနှုန်းကို ဦးတည်စေနိုင်တာမို့ သာမန်ကျင့်ကြံသူတွေနဲ့ သိပ်ကို ကွဲပြားပါတယ်။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now