261--------265

81 10 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 261:
         ဆရာသခင်ဆီ အလည်အပတ်သွားခြင်း

ဒန်ဖိန် ကိုယ်တိုင်လည်း ခမ်းနားတဲ့ လူရွေးပွဲ အကြောင်းကို အရမ်းနားလည် သိထားပုံ မရပါဘူး။ သူမ သိခဲ့ရသမျှက ဆရာသခင်ဆီကနေ သိလာရတဲ့ အတိုအထွာတွေပဲ ဖြစ်ပါလိမ့်မယ်။

“ဂျန်ချန်.. ဆရာသခင်က ငါ့ကို လာပြောခိုင်းတာလောက်ပဲ သိတာ။ ဒီနေ့ည ဆရာ့ဆီ လာလည် လှည့်ပါလား ”

အခုလို ပွင့်လင်းစွာ ပြောဆိုလာတာမှာတော့ ဂျန်ချန် ဆရာသခင်ရဲ့ ဖိတ်ကြားချက်ကို လျစ်လျူရှု မထားနိုင်ခဲ့ပါဘူး။ ရိုးရိုးသားသား ပြောရရင် သူက အဖွဲ့အစည်းလေးခု ဦးဆောင်ကျင်းပတဲ့ ခမ်းနားသော လူရွေးပွဲကို တကယ်ပဲ စိတ်၀င်စားပါတယ်။

“ကောင်းပြီလေ။ ငါ လာခဲ့မယ် ”
ဂျန်ချန် လွယ်ကူစွာပဲ သဘောတူလိုက်ပါတယ်။

သူက ဆရာသခင် ဆီကို သွားသင့်နေတာ ကြာခဲ့ပါပြီ။ ဟိုးအရင် အကြီးအကဲ သံမဏိ သူ့ကို နှိပ်ကွက်ဖို့ ရှေ့ထွက်လာစဉ်တုန်းက ဆရာသခင်သာ ထွက်ပေါ်ကယ်တင်ဖို့ မကြိုးစားခဲ့ရင် သူက ရွှေဖျက်ကြွက်တွေ ထုတ်သုံးရပါလိမ့်မယ်။

အဲ့ဒီ ဝှက်ဖဲကိုသာ ထုတ်ဖော်ပြခဲ့ရင် ဂျန်ချန် အတွက် ရှင်သန်ရပ်တည်ဖို့ အခွင့်အရေးတစ်ခု လျော့ပါးသွားမှာပါ။ ကျင့်ကြံသူ တော်တော်များများကလည်း အာရုံစိုက်လာကြတော့မှာကိုး။

ဒန်ဖိန် ထွက်သွားတာနဲ့ ဂျန်ချန် တစ်ယောက် စဉ်းစားခန်း၀င်လိုက်ပါတယ်။ သူ့အနေနဲ့ ဆရာသခင်ဆီ အလည်သွားမယ် ဆိုရင် လက်ဗလာနဲ့ မသင့်တော်ဘူးလေ။

တစ်ချက် စဉ်းစားကြည့်ပြန်တော့လည်း ဆရာသခင်ရဲ့ အဆင့်အတန်းနဲ့ ဂျန်ချန် ဘာလက်ဆောင်ပဲ ယူသွားပါစေ စိတ်၀င်တစားရှိမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် သူ အတန်ကြာ တွေးနေရတာပါ။ ခဏအကြာမှာတော့ သူ စာရွက်နဲ့ စုတ်တံ ကို ယူလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ သူ အတောင်ငါးခုပါဖီးနစ်နဂါးနဲ့ ပတ်သက်တဲ့ အရေးအကြီးဆုံး အချက်အလက်တွေ အားလုံးချရေးလိုက်ပြီး ဘယ်လို မွေးမြူပြုစုပျိုးထောင်ရမယ် ဘယ်လို မျိုးဆက်သွေး နိုးထအောင် လုပ်ရမလဲ ဆိုတဲ့ အဓိက အကြောင်းအရာတွေကိုပါ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now