161----165

100 9 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 161:
          . . လူအိုကြီး ဖိန်တစ်ယောက် ဆေးကျွန်ဖြစ်လိုခြင်း . .

နဂါးစွယ်အစောင့်အကြပ်နဲ့ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်က ဘာမှ မဟုတ်လိုက်သလိုနဲ့ ဂျန်ချန် နာမည်က တစ်ဟုန်ထိုး ကျော်ကြားလာခဲ့ပါတယ်..

ဒါပေမယ့်.. ဂျန်ချန်တစ်ယောက်ကတော့ အများကြီး ဂရုစိုက်မနေနိ်ုင်ပါဘူး. .

အခုဆို သူက မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ ဂေဟာတစ်လုံးလည်း ရထားသည်ပဲ.. အောင်နိုင်ခြင်း ကောင်းကင်နိုင်ငံမှာ နေထိုင်နိုင်တဲ့ လမ်းကြောင်းတစ်ခု ဖောက်နိုင်ခဲ့ပြီလေ..

“နောက်ခြေလှမ်းတစ်ခုက စိတ်ဝိညာဉ်နယ်ပယ်ကို ကူးပြေ ာင်းဖို့ပဲ.. ငါ့ရဲ့ လက်ရှိအခြေအနေ နဲ့ဆိုရင် စိတ်ဝိညာဉ်အဆင့်ကို ချိုးဖောက်၀င်ရောက်သွားဖို့က မခဲယဉ်းတော့ဘူး.. အဓိကအချက်က စိတ်ဝိညာဉ် ပင်လယ်ကို ဖွင့်နိ်ုင်ဖို့ပဲလိုတာ.. ငါ့ရဲ့ စိတ်ဝိညာဉ်ပင်လယ် အဆင့်က အနာဂါတ်မှာ ဒိုသိုင်းလမ်းကြောင်း အတွက် ဘယ်လောက် အထောက်အကူဖြစ်မလဲဆိုတာကို ဆုံးဖြတ်လိမ့်မယ်.. ကံဆိုးတာက ငါ အခုထိ စိတ်ဝိညာဉ်အဆင့်ပညာရှင် တစ်ယောက်တစ်လေနဲ့မှ သေချာ ဆက်ဆံဖူးခြင်းမရှိတာပဲ.. အဲ့တော့ သူတို့ဆီက ဗဟုသုတ အတွေးအမြင်တွေ မရနိုင်တာ ဆိုးလိုက်တာ.. ”

အတိတ်ကို ပြန်ပြောင်းသတိရမိတော့ .. သူက အရှေ့စီရင်စုနိုင်ငံမှာ ခရမ်းရောင်နေ အဖွဲ့အစည်းက စိတ်ဝိညာဉ်အဆင့် ပညာရှင်တွေနဲ့ တွေ့ကြုံခဲ့ဖူးသလို.. အောင်နိ်ုင်ခြင်းကောင်းကင်နိ်ုင်ငံမှာ ကျတော့ လည်း.. မြောက်ပိုင်းနန်းတော်က ဟိုမရောက် ဒီမရောက် ကောင်တွေနဲ့ ဆုံခဲ့ဖူးသေးပါတယ်..

တကယ်တမ်းဆို.. မြောက်ပိုင်းနန်းတော်က အဖိုးတန်သစ်ပင် အဖွဲ့အစည်းရဲ့ အခွဲလေး တစ်ခုသာသာပါ.. ပြီးတော့ သူတို့တွေ ခေါ်ခေါ်နေတဲ့ စိတ်ဝိညာဉ်နယ်ပယ်က ပညာရှင်တွေဆိုတာ ဟိုယောင်ယောင် ဒီယောင်ယောင် ကောင်တွေပါ..

လျူကန်က လွဲလို့ပေါ့..  သူကတော့ စိတ်ဝိညာဉ်နယ်ပယ်ထဲကို ပထမအဆင့် အဖြစ် ၀င်ရောက်သွားခဲ့ ပါပြီလေ.. တစ်ခြားသူတွေကတော့ စိတ်ဝိညာဉ်တစ်ပိုင်းအဆင့် သာသာ တွေချည်းပါပဲ..

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now