371-----380

70 3 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 371:
         အမှတ်များများ ရဖို့အရေး ဂျန်ချန် စီစဉ်ပြီ

တကယ်ဆို ဂျန်ချန် ခန့်မှန်းထားတာက သူတို့တွေရဲ့ အမှတ်က အလွန်ဆုံးမှ (၁၀၀၀) ကျော်ပေါ့။ ဒါပေမယ့် ကြည့်ရတာ သူတို့တွေရဲ့ အမှတ် ယူနိုင်စွမ်းကို လျော့တွက်ခဲ့မိပုံရပါတယ်။

သူ ပြောလိုက်တဲ့ စကားတွေကိုကြားတာနဲ့ ဂျန်ချန် တိတ်ဆိတ်သွားတာမို့တန်ဟောင် တစ်ယောက် နေရထိုင်ရခက်သွားပါတယ်။

ဒါပေမယ့် သူသည် တစ်ဖက်သားကို ဖြေသိမ့်ပေးဖို့ မတတ်။
“မစိုးရိမ်နဲ့။ ခေါင်းဆောင်.. ဆေးပညာ နက်ရှိုင်းပုံမျိုးနဲ့ဆိုရင် အမှတ်တွေ အမြန်ဆုံးရနိ်ုင်တယ် ”

သူက ဂျန်ချန် အမှတ်မရမှာ ကြောက်နေတယ်လို့ထင်နေတာပါ။ တကယ်တော့ ဂျန်ချန်က အမှတ်တွေ ရဖို့ အကောင်းဆုံးနည်းလမ်းကို ခေါင်းထဲ တွက်ချက်နေပါပြီ။

“တန်ဟောင်.. အဆင့်မြင့်နည်းလမ်းမှာ အမှတ်တွေ ရနိုင်ဖို့ ဘာလုပ်တာ အကောင်းဆုံးလဲ ”

“ခေါင်းဆောင် ခွန်အားက သန်မာမယ်။ တိုက်ပွဲ၀င်စွမ်းအားကလည်း အံမခန်းဆိုရင်တော့ တစ်ခြားလူတွေကို လိုက်စိန်ခေါ်ပေါ့။ နိုင်ပွဲတစ်ခုစီအတွက် အမှတ် (၂၀) ရမယ်။ ရှုံးရင်တော့လည်း (၂၀) ပြန်ပေးလိုက်။ ဒီအုပ်စုမှာ ထိပ်ဆုံးအဆင့်က ကောင်တွေအားလုံးက နေ့တိုင်း သူများကို လိုက်စိန်ခေါ်ပြီး အမှတ်စုနေကြတာ။ ဒါကြောင့် သူတို့ ရတဲ့ အမှတ်က မနည်းဘူး ”

အဲ့လိုပြောနေရင်းနဲ့ တန်ဟောင်က ဒေါသထွက်လာဟန်နဲ့ အော်ကျယ်အော်ကျယ် ဖြစ်လာပါတယ်။
“ဒီခွေးသားတွေက သိပ်ကို မိုက်ရိ်ုင်းတယ်။ အဖွဲ့အစည်းမှာ အားလုံးက အရေးပေးထားခံကြရတာမို့ အရင်းအမြစ်တွေကလည်း မနည်းဘူး။ ပြီးတော့ ရတနာတွေ.. ထူးကဲတဲ့ ကျင့်ကြံခြင်းပညာရပ်တွေ။ ဒါတွေ သုံးပြီး တစ်ဖက်သားနဲ့ တိုက်ခိုက် အမှတ်ရအောင် ယူနေကြတဲ့ဟာ။ သိပ်ကို ရှက်စရာ ကောင်းလွန်းတယ် ”

အစွယ်ရှိတဲ့သူက အစွယ်ကို အားကိုးတယ်ဆိုတဲ့ သဘောတရားကို ဂျန်ချန် ကောင်းကောင်းသိပါတယ်။ ဒါကြောင့် အံ့သြစိတ် မဖြစ်မိပါဘူး။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now