411--------420

62 7 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 411:
         စိတ်ဝိညာဉ်အဆင့်ရှစ်

ဘိုးဘေး ရွက်တစ်ထောင်က မြတ်နိုးစွာပဲ တန်ဟောင်ကို ကြည့်လာပါတယ်။
“ငါ မင်းကို သုံးရက်ပေးလိုက်မယ်။ ဖိန်ဇန်.. မင်းက ပြင်ပ ကမ္ဘာနဲ့ ရင်းနှီးတော့ တန်ဟောင်နဲ့ လိုက်သွားပေးလိုက်ပါ ”

စကားဆုံးတာနဲ့ ဘိုးဘေး ရွက်တစ်ထောင် ပတ်ပတ်လည်ကို သေချာကြည့်ပါတယ်။ အဲ့ဒီနောက်..
“ဂျန်ချန် သေသည်ဖြစ်စေ.. ရှင်သည်ဖြစ်စေ ငါတို့ ဖိုးတန်သစ်ပင်အဖွဲ့အစည်း လူ ဖြစ်နေမှာပဲ။ သူ့မိသားစုနဲ့ သူငယ်ချင်း မိတ်ဆွေတွေကို ငါတို့ အကာအကွယ်ပေးရမယ်။ တစ်ယောက်ယောက်က သူတို့ကို နာကျင်စေရင် အဲ့တစ်ယောက်ယောက်ကို တူညီတဲ့ အဖြစ်မျိုး ပြန်ခံစားရမယ်။ ဆိုတော့ အဲ့လို လုပ်လာတဲ့သူကို ငါ လွယ်လွယ်နဲ့ ခွင့်မလွှတ်ဘူး ”
ဆိုပြီး အသံကျယ်ကျယ်နဲ့ ပြောလာပါတယ်။

ဂျန်ချန်က အခုဆို အဖိုးတန်သစ်ပင်အဖွဲ့အစည်းရဲ့ ရတနာ တစ်ပါး ဖြစ်လာပြီမို့ သိပ်ကို တန်ဖိုး ကြီးမားပါရဲ့။

ဒါကြောင့် ဘိုးဘေး ရွက်တစ်ထောင်က သံမဏိလောင်တို့တွေ ဂျန်ချန် လူတွေ ထ်ိခိုက်အောင် လုပ်တာနဲ့ ပတ်သက်ပြီး ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ ဂျန်ချန်သာ အပြင်ထွက်လာနိုင်လို့ ဒေါသထွက်သွားရင် သူ မျှော်လင့်ထားသမျှ အရာအားလုံး ပြိုပျက်သွားရပါလိမ့်မယ်။

ဒါကြောင့် ဘိုးဘေး ရွက်တစ်ထောင်က သတိပေးစကားဆိုလိုက်တာပါ။

သံမဏိလောင်တို့ သားအဖ တစ်တွေ ဒီစကားကြားတာနဲ့ ကြိတ်ပြီး စိတ်ဓာတ်ကျကုန်ပါတယ်။ သူတို့တွေရဲ့ အနာဂါတ်က အချိန်ကြာလာသည်နဲ့အမျှ ဂျန်ချန် ခြေထောက်အောက် ရောက်သွားရမှာ မလွဲပါဘူး။

သူတို့စိတ်ထဲ လက်ရှိမှာ အတွေးတစ်ခုပဲ ရှိပါတော့တယ်။ ဂျန်ချန် တုနှိုင်းမဲ့ စိတ်ဝိညာဉ် တောင်တန်း ပေါ်ကနေ ပြန်မလာနိုင်ပါစေနဲ့။ အဲ့ဒီနေရာမှာပဲ သေပါစေ။

အောင်နိုင်ခြင်းကောင်းကင်နိုင်ငံ..

ဂျန်ဂေဟာက လူတိုင်းက လူရွေးပွဲ ပြီးဆုံးသွားခဲ့ပြီဆိုတာကို သိကြပါတယ်။ ဒါပေမယ့် ဂျန်ချန်ကတော့ တောင်တန်းပေါ်မှာ ကျန်နေခဲ့တယ်တဲ့လား။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now