171---180

110 9 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 171:
          ဒန်ဖိန် မေးရိုးတစ်ခုလုံး အောက်ပြုတ်ကျမတတ်ဖြစ်ရသည်

အခုလို အခြေအနေမျိုးကို မြင်လိုက်တာနဲ့.. ဒန်ဖိန် ရဲ့ နှုတ်ခမ်းတွေက ဆတ်ခနဲလှုပ်သွားရပါတယ်.. သူမ ငြင်သာစွာပဲ ပြုံးရင်း..
“ဒီလိုဆိုမှဖြင့် ဆရာသခင်ကိုပဲ ကောင်းမကောင်း.. ဆုံးဖြတ်စေကြတာပေါ့.. ”

သူမကတောင် အခုလို ပြောလာနေမှတော့ ရီဒိုင်လည်း မကျေနပ်သေးပေမယ့် ဘာမှ ထပ်မဆိုတော့ပါဘူး.. သူ ရီမောလိုက်ရင်း ကိုယ့်ထိုင်ခုံမှာ ပြန်ထိုင်လိုက်ပါတယ်..

သူ့ ရင်ထဲမှာ အရမ်းကို မကြေနပ်စိတ်တွေ ယိုဖိတ်နေရပါပြီ.. အမ ဒန်ဖိန်က တရားမျှတတယ် သမာသမတ် ကျတယ်လို့ တစ်ချို့တွေက မြင်ကြပေမယ့်လည်း.. သူမက ရီဝေါင်ကို နှစ်ကြိမ်တောင် ကူညီခဲ့တာ သူ့ မျက်စိရှေ့တင် မဟုတ်လား.. ဒါက ရီဒိုင် နှလုံးသား တစ်ခုလုံးကို အပ်နဲ့ ဆွနေသလို ခံစားရစေတာပေါ့..

“အမ ဒန်ဖိန်ရဲ့ မျက်လုံးထဲမှာ .. သာမန် ကိုယ်လုပ်တော် တစ်ယောက်က မွေးလာခဲ့တဲ့ မင်းသားက ငါလို မြင့်မြတ်သန့်စင်တဲ့ သွေးဆက်ကနေ ဖွားလာတဲ့သူထက် အကာအကွယ်ပေးဖို့ ပိုထိုက်တန်တယ်လို့ တွေးနေတဲ့ပုံပဲ.. ”

အခုလို တွေးလိုက်ပေမယ့်.. သူ မကျေမချမ်းပဲ ရီဝေါင်ဘက် အပြစ်ဖို့ ဖို့ လှည့်ပါတယ်..
“ဒါ.. ဟိုခွေးကောင် ရီဝေါင်က သူမ ကျေနပ်အောင် ပြောဆိုနိုင်လွန်းသလို.. ကျေနပ်ပျော်ရွှင်အောင်လည်း လုပ်နိုင်လွန်းလို့ ဖြစ်ရမယ်.. ပါရမီပဲ ကြည့်ကြည့်.. သတ္တိပဲ ကြည့်ကြည့် သူ့ အခြေခံ အင်အားက ငါနဲ့ ငါ့မိသားစု နောက်ခံလို ဘယ်မှီနိ်ုင်မှာလဲ.. အမ ဒန်ဖိန်က င့ါကို အများကြီးမှန်းထားလို့ တစ်ခုခု လုပ်ပြ နိ်ုင်တဲ့အချိန်ထိ စောင့်နေတာဖြစ်မယ်.. နောက်ပြီး သူမက အားနည်းတဲ့သူတွေကို သနားတတ်တယ်.. ဒါပေမယ့် ဆရာသခင်ကတော့ ဘယ်လိုလုပ် အားနည်းတဲ့ သူတွေကို နှစ်သက်မှာလဲ.. ငါ ရီဒိုင်ကသာ သေချာပေါက် ဆရာ့အမြင်မှာ ခမ်းနားတဲ့ အနာဂါတ်ပိုင်ဆိုင်သူ ဖြစ်ရမယ်.. ”

ဒီလို အတွေးတွေနဲ့ ရီဒိုင်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရင်း ကျေနပ်လို့နေပါတယ်..

လောကသုံးပါးသခင်  လောကသုံးပါးသခင်Tempat cerita menjadi hidup. Temukan sekarang