71---80

143 13 0
                                    

လောကသုံးပါးသခင်
...........................

Chapter 71:
        ..မျိုးနွယ်စုတွေကို ထိတ်လန့်တုန်လှုပ်စေမယ်..

ဂျန်ချန်က သူမကို မှတ်မိ သိရှိနေတာကို မြင်လိုက်ရတော့ ဝမ်ဇီချီတစ်ယောက် ရှက်တာရော.. ကြည်နူးနှစ်သိမ့်သွားတာရော တစ်ပြိုင်နက်ပဲ ခံစားသွားရပါတယ်..

သတ္တိတွေ တစ်နေရာကနေ ရလာသလို.. သူမကိုယ်သူမ အားတင်း.လက်နှစ်ဖက် ပွတ်ခြေရင်း ခြင်တစ်ကောင်ရဲ့ မည်သံလောက်နဲ့ စကားစပြောပါတယ်..

"ရှင်က ကိုယ်ရံတော်ခန့်ဖို့ လူရှာနေတယ်ကြားလို့.. ကျွန်မ များ တစ်နေရာစာလောက် ရနိုင်မလားလို့ လာလျှောက်တာပါ.. "

အကြောင်းအရင်းကတော့ မင်းသမီးဂုရူပါ.. သူမက တော်ဝင်မိသားစုရဲ့ သြဇာကို သုံးပြီး ဒီသတင်း နယ်မြေတိုင်းကို ပျံ့နှံ့စေဖို့ ကြိုးစားအားထုတ်ခဲ့ပါတယ်.. ဂျန်ချန် ထင်မထားတာက သူမ.. ဝန်ဇီချီက ဝေးကွာလွန်းတဲ့ တောလမ်းခရီးကြမ်းကို ဒီလောက်အချိန်တိုအတွင်းရောက်အောင် ခရီးပြင်းနှင်လာတာကိုပါ..

သူမ တစ်ကိုယ်လုံးမှာ ဖုံးအုပ်နေတဲ့ ဖုန်မှုန့်တွေကို ကြည့်ရင် ဒီသတင်းကို ကြားကြားချင်း သူမ အပြင်းနှင်လာတာ သိနိုင်ပါတယ်..

ဂျန်ချန် မယုံနိုင်လောက်အောင် ခတ္တငိုင်သွားရင်းကမှ စတင်မေးမြန်းပါတယ်..
"မင်း ဆရာက ဒီကိစ္စကို သဘောတူရဲ့လား? "

ဆရာဖြစ်သူအကြောင်း ရောက်လာတော့ သူမ ကိုယ်လေး တစ်ချက်တုန်သွားပါတယ်.. သူမရဲ့ ညာဘက်လက်က ဂါဝန်အောက်နားစကို ခြေနေပြီး.. လက်တစ်ဖက်နဲ့ တစ်ဖက်ကလည်း ဂနာမငြိမ်ဖြစ်လာပါတယ်.. ကြည့်ရတာ သူမ ခိုးထွက်လာတာ ထင်ပါတယ်..

သူမကို ကြည့်ရင်း ဂျန်ချန် ပြုံးမိပါတယ်.. ကြည့်ရတာ ဝမ်ဇီချီ သူမရဲ့ ချစ်လှစွာသော ဆရာမကို မလှိမ့်တပတ် လုပ်လာခဲ့ဟန်ရှိပါတယ်..

ဂျန်ချန်ရဲ့မျက်နှာထက်က အပြုံးကို မြင်ရတော့ ဝမ်ဇီချီ အလျင်စလို ပြောဆိုပါတယ်..
"ဆရာသိရင်တောင် ကျွန်မကို ခွင့်ပြုမှာပါ.. သူမက တပည့်တွေထဲမှာ ကျွန်မကို အချစ်ဆုံးပဲဟာကို.. "

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now