21--30

188 11 2
                                    

လောကသုံးပါးသခင်
...........................
Chapter 21:
            လောင်မိသားစု၏ မောက်မာခြင်း

ဂျန်ချန် အခုလို စကားတွေကို ဂရုမစိုက်ပဲ ပြောလိုက်တာက အသံတွေကို တိတ်သွား စေပါတယ်။ နှစ်ယောက်... သုံးယောက် ပြောနေတဲ့ စကားပြောခန်းက ကြောက်စ ရာကောင်းလောက်အောင်ပဲ ငြိမ်သွားပါပြီ။

မရေမတွက်နိုင်လောက်အောင် များလွန်းလှတဲ့ မျက်ဝန်း တွေက ဂျန်ချန်ဆီကို မရည်ရွယ်ပဲ တစ်ပြိုက်နက်တည်း ကြည့်လိုက်ကြပါတယ်။

ညစာစားပွဲမှာ ရောက်လာကြတဲ့ သူတွေ အကုန်လုံးက အရှေ့စီရင်စုမှာ တကယ့် လူတွေချည်းပါပဲ။ အဲ့တော့ သူတို့အကုန်လုံးက မိုးပျံနဂါးမိသားစု အနေနဲ့ ဝိဉာဏ်ဆေးပင်စိုက်လို့ရတဲ့ မြေကို လိုချင်နေတယ် ဆိုတာကို သိကြပါတယ်။ အဲ့အတွက် သူ ဂျန်ဟန် မြို့စားကြီးဆီကနေ သိမ်းနိုင်ဖို့ ကြံစည်နေတာကို အားလုံးက နားလည်ပါတယ်။

သူများ ပိုင်နက်ထဲမှာ ဟောင်ဖွာ ဟောင်ဖွာ သွားလုပ်နေတာက ဂျန်ချန် စစ်ကြေငြာချင်နေတာလား? မိုးပျံနဂါးမြို့ စားနဲ့ မကြေလည်နေတာကို လူအများရှေ့ ဖြေရှင်းချင်နေတာလား?  လို့ အများစုက တွေးနေကြပါတယ်။

ဂျန်ချန်အပေါ် မှန်းဆ ထင်ကြေးပေး တွက်ချက်နေတာတွေက တကယ့်ကို ကိုယ်ချင်းမစာမနာတွေပါ ပါနေပါတယ်။ ဂျန်ချန်ကတော့ ဂရုမစိုက်စွာပဲ ဂျီရို ချန်ထားပေးတဲ့ ခုံကို ဆွဲယူပြီး ထိုင်ချလိုက်ပါတယ်။ နောက်. . . မင်းသမီးလေး ဂျီရိုတစ်ကိုယ်လုံးကို ခြုံငုံ ကြည့်လိုက်ပြီး . . . . .

"အင်း. . . ကြည့်ရတာ..........................................
ဒီရက်တွေမှာ ညီမ အတော်လေး ပင်ပန်းခဲ့မယ် ထင်တယ်....  အခုအတိုင်းသာ ဆက်သွားရင် ဆယ့်ခြောက်နှစ် ကျော်ရင်တောင် နဂါးပျိုလေးလို သွက်လက် နေဦးမယ် "

"ခွမ် !  . . . ခလွပ် !"

အနည်းဆုံး လူ သုံး လေးယောက်လောက် ဂျန်ချန် ပြောတဲ့စကားတွေကို ကြားပြီးနောက်မှာ သူတို့ ကိုင်ထားတဲ့ ဝိုင်ခွက်တွေကို ငြိမ်အောင် ထိန်းမထားနိုင်တော့ပါဘူး။ အရမ်းကို တုန်လှုပ်လွန်းလို့ ဝိုင်ခွက်တွေတောင် အောက်ကို လွတ်ကျကုန်ပါတယ်။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now