306-------310

55 10 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 306:
         သန်မာတဲ့လူက ကိုယ့်ကံတရားကို ကိုယ်ဖန်တီးတယ်

သန်မာတဲ့လူက ကိုယ့်ကြမ္မာကို ကိုယ်တိုင် ဖန်တီးကြပါတယ်။

အားနည်းတဲ့သူတွေကသာ သူတို့ရဲ့ ကံတရားကို လက်ခံကြတာပါ။ ဂျန်ချန် နှလုံးသားက ခိုင်မာနေပြီး မိမိကြမ္မာကို မိမိသာလျှင် ဖန်တီးနိုင်ရမယ်ဆိုတဲ့ စိတ်မျိုး အပြည့်အ၀ ရှိနေပါပြီ။ ကြမ္မာက သူ့ကို သနားမှ ချမ်းသာရာရမယ့် အခြေအနေမျိုးလောက်အထိ ပျော့ညံ့ပြနေမှာ မဟုတ်ပါဘူး။

ကြီးကြပ်သူရဲ့ အသံက ဆက်လက်ပျံ့လွင့်နေသလို သူ့ စိတ်ကလည်း အများကြီး ခိုင်ကြည်လာခဲ့ပါပြီ။

“ကောင်းပြီလေ။ အားလုံးပဲ ဒီည ကောင်းကောင်း အနားယူကြပါ။ ပျက်ယွင်းခြင်းတောင်ကြားက မနက်ဖြန်မှ ဖွင့်မယ်။ အဲ့နေ့ကစလို့ နောက် (၁၀) ရက်ကြာသည်အထိ ကံကြမ္မာစမ်းသပ်စစ်ဆေးခြင်း ကာလ စပြီ ”

ကြီးကြပ်သူရဲ့ စကားဆုံးတာနဲ့ ကျင့်ကြံသူတွေအားလုံး ကိုယ့်နေရာနဲ့ကိုယ်သွားပြီး အနားယူလိ်ုက်ကြပါတယ်။

ဂျန်ချန်လည်း ခြေနှစ်ဖက်ကို ယှက်လို့ ကြာပန်းသဏ္ဍာန်ထိုင်လိုက်ရင်း စိတ်ဝိညာဉ်အဆင့်(၄) ကို အခြေခိုင်အောင် လေ့ကျင့်နေလိုက်ပါတယ်။

အစောပိုင်းကာလက တိုက်ပွဲအတွင်းမှာ အဆင့်တက်ခဲ့တာမို့ အရမ်းကို စွန့်စားမှုကြီးမားခဲ့ပါတယ်။ အခုတော့ တစ်ည အနားယူဖို့ အခွင့်အရေးရခဲ့ပြီမို့ တက်ထားခဲ့တဲ့ အဆင့်ကို ခိုင်မာအောင် ပြုဖို့ အားစိုက်ထုတ်ရပါလိမ့်မယ်။

အဓိကက ဂိုလန်နဲ့ တိုက်ပွဲမှာ စိတ်ကို နှစ်ခြမ်းခွဲလို့ ရင်ဆိုင်ခဲ့ရတာမို့ အဆင့်သစ်မှာ ခိုင်မာအောင် မပြုနိုင်ခဲ့သေးပါဘူး။

အခုလို အခြေအနေ ပေးခိုက်မှာ သူ ဘာလို့ မလေ့ကျင့်ရမလဲ။

ဒီနေ့နဲ့ဆို စမ်းသပ်စစ်ဆေးခြင်း လေးခုကို ကျော်ဖြတ်လို့ ငါးခုမြောက် စမ်းသပ်စစ်ဆေးခြင်းဆီ ရောက်လာခဲ့ပါပြီ။ အရင်ပွဲတွေမှာ ရခဲ့တဲ့ အဖြေတွေ အရ သူက ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ တစ်ခြား ကျင့်ကြံသူတွေထက် ခေါင်းတစ်လုံး သာနေတာပေါ့။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now