256--------260

63 8 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 256:
         ကြာပန်းပွင့် ဝါးမြိုကြီးထွားလာပြီ

ယုဂျီ က သူ့ဘ၀ သက်တမ်းတစ်လျောက်လုံးမှာ အခြေအနေ အရပ်ရပ်ကနေ ရုန်းကန်ထွက်ပြေး လွတ်မြောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒုတိယတောင်ကြားတိုက်ပွဲ အကြောင်းကိုတော့ ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး။

အဲ့ဒီနေ့တုန်းက လောင်ဂျုဇူးဆီက မျက်နှာသာ ရဖို့အရေး သူ ဂျန်ချန်ကို အပြတ်နှိပ်ကွက်ခဲ့တယ်လေ။ သူ ဘယ်လောက် သန်မာကြောင်း သိစေဖို့ နှုတ်နဲ့ရော အပြုအမူနဲ့ပါ မရေမတွက်နိုင်တဲ့ ဓားငှက်တွေကို သတ်လို့ သက်သေပြခဲ့ပါသေးတယ်။

သူတောင် အဲ့ဒီ ဖြစ်ရပ်ကို မမေ့နိုင်သေးတဲ့ဟာ ဂျန်ချန် ဆို ပိုဆိုးပေါ့။ ခံခဲ့ရသူကိုး။

ဂျန်ချန်က သူ့ အပေါ် သစ္စာရှိလွန်းမက ရှိလွန်းစွာနဲ့ ခန္ဓာကိုယ်သုံးလို့ အကာအကွယ်ပေးသွားခဲ့တဲ့ ဓားငှက်တွေကို မမေ့ခဲ့ပါဘူး။

ယုဂျီ အနေနဲ့ အခုလို ခရမ်းရောင်နေအဖွဲ့အစည်းက တပည့်တွေကို ခေါ်လို့ ဒုတိယအကြိမ်မြောက် သူ့ ရွှေတောင်ပံ ဓားငှက် တွေကို မျက်စောင်းထိုးလာတာ လွန်သွားခဲ့ပါပြီ။

ရွှေတောင်ပံဓားငှက်ပဲ ဖြစ်စေ၊ ဂုရူ နဲ့ တီယန်ရှောင်ပဲ ဖြစ်စေ.. သူတို့တွေက ဂျန်ချန်ရဲ့ သူငယ်ချင်းနဲ့ နောက်လိုက်တွေပဲ မဟုတ်လား။ သူတို့အပေါ် ဓားမိုးတာက ဂျန်ချန်ကို ဓားမိုး ပြလိုက်တာနဲ့ အတူတူပါပဲ။

ယုဂျီ ဘယ်လောက်ပဲ ဆွဲဆောင်ပြောဆို အသနားခံနေပါစေ.. ဂျန်ချန် စိတ်နှလုံးက နည်းနည်းလေးမှတောင် မလှုပ်ရှားခဲ့ပါဘူး။ နက်ရှိုင်းနှလုံးသား အစွမ်းကို ကျင့်ထားသူ ဆိုတဲ့ အချက်ကလည်း အားနည်းတဲ့ စိတ်ခွန်အားကို ပိ်ုင်ဆိုင်ထားပါ့မလား။

“ဂျန်ချန်.. ငါတို့တွေက မတူညီတဲ့ လမ်းကြောင်းကို လျောက်လှမ်းနေရတာ မင်းလည်း အသိသားနဲ့။ ငါ့ အနေနဲ့ လောင်ဂျုဇူးရဲ့ မျက်နှာသာပေးတာကို လိုအပ်တာမို့ ရွေးချယ်စရာ မရှိခဲ့ဘူး။ မင်းသာ ငါ့ကို သတ်ပစ်ခဲ့ရင် တကယ့်လက်သည် မင်း ရန်သူတော် လောင်ဂျုဇူးက ပျော်ပျော်ကြီး ရှင်သန်နေဦးမှာပဲ။ ဒါပေမယ့် ငါ့ကို မသတ်ခဲ့ဘူးဆိုရင်တော့ သစ္စာရှိတဲ့ ခွေးတစ်ကောင်လည်း ရဦးမယ်။ လောင်ဂျုဇူးကို သတ်ဖို့အတွက်ကိုလည်း ကူညီပေးဦးမယ် ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now