61---70

157 10 1
                                    

လောကသုံးပါးသခင်
............................

Chapter 61:
                  တန် ပြန် တိုက် ခိုက် ခြင်း

"ဂျန်ဟန် နယ်မြေ.. ဂျန်ချန် ! "

သူ့ရဲ့ နာမည်ကို ရေရွတ်ရင်း သခင်မ ကျောက်စိမ်း အံ့အားတကြီး ဖြစ်နေပါတယ်.. ရုတ်ချည်း သူမရဲ့ လှပတဲ့ မျက်ဝန်းအစုံက တောက်ပလာပါတယ်..

"ဂျန်ဟန် နယ်မြေ.. ဂျန်ချန် ! "

သခင်မကျောက်စိမ်း သူ့ပေါင်သူ တစ်ချက်ရိုက်လိုက်ရင်း ပြောဆိုပါတယ်..

"ချီအာ..  နင်တော့ ကံကောင်းခြင်းတစ်ရပ်နဲ့ လွဲသွားပြီ.. ဂျန်ချန် ဆိုတာက တခြားဟုတ်ရိုးလား.. ဂျန်ဟန်နယ်မြေက မြို့စားငယ်တစ်ပါးဟ! "

"မြို့စားငယ်လေး! "

စတားအားဂတ်(စ်) နန်းတော်က မိန်းမလှလေးတွေ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်.. မြေ အောက်လျို့ဝှက်ခန်းထဲမှာ ဘယ်သူမှ မရှိကြတဲ့အတွက် အဝတ်အားလုံး ပြန်ဝတ်ဖို့ကို အလျင်စလို မဖြစ်ကြတော့ ပါဘူး..။

' မြို့စားငယ်လေး! ' ဆိုတဲ့ စကားရပ်က သူမ တို့ အားလုံးကို အချစ် ဆိပ် တက်စေပါတယ်။

သူမတို့ အားလုံးက အဖွဲ့အစည်းတစ်ခုရဲ့ တပည့်တွေ ဆိုသော်ငြားလည်း.. ပါရမီရှင်တွေ ဖြစ်စေဦးတော့.. သူမတို့က တီယန်ဒုနယ်မြေလးမှာရှိတဲ့ စတားအားဂတ်(စ်) နန်းတော်ရဲ့ တပည့်မလေးတွေ သက်သက်ပဲလေ.. ။

တီယန်ဟုနယ်မြေက အရှေ့စီရင်စုရဲ့ ၁၀၈ ပါးသော နယ် မြေတွေထဲမှာ အနိမ့်ဆုံးအဆင့်ထဲမှာပဲ ရှိတဲ့ နယ်မြေလေး တစ်ခုထက်မပိုပါဘူး..။

ဂျန်ဟန်နယ်မြေကတော့ ထိပ်တန်းအဆင့်မှာ.. ဒုတိယတန်းဝင် မြို့စားနယ်မြေဖြစ်တဲ့ အပြင်ကို စီရင်စုရဲ့ တောင်ဘက်နယ်စပ်ကို ကာကွယ်ရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်.. မြို့စားနယ်မြေရဲ့ အဆင့်က မြင့်သလို သြဇာ အာဏာကလည်း ပြင်းပါတယ်.. သူတို့ တီယန်ဟု နယ်မြေနဲ့ ယှဉ်ရင် တစ်ခုက ကောင်းကင်ဆို.. တစ်ခုက မြေကြီး ဖြစ်မှာ မလွဲပါဘူး..။

အခုပဲ ဂျန်ဟန် နယ်မြေက လူငယ်လေးရဲ့ အစွမ်း..သတ္တိ နဲ့ လုပ်ရည်ကိုင်ရည် ကို မျက်ဝါးထင်ထင် မြင်ခဲ့ကြရပြီပြီလေ.. အစွမ်းထက်မထက်ကတော့ ထူးပြီးပြောစရာ မလိုတော့ပါဘူး.. ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now