206---210

81 13 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 206:
        ရီဒိုင် တစ်ယောက် ပျော်ရွှင်ခြင်းနောက်ကွယ်က ၀မ်းနည်းခြင်းကို ခံစားရပြီ..

“လခွမ်း.. မဟုတ်တော့ဘူး.. ငါ့ စစ်မှန်သောချီစွမ်းအားတွေကို စုစည်းလို့ မရတော့ပါလား.. ”

“အမ်.. တစ်ခုခုတော့ မှားနေပြီ.. ငါ့ စိတ်ဝိညာဉ်ချီပင်လယ်က တစ်ခုခုကို စုတ်ယူသွားသလိုပဲ.. ”

“အာ.. ငါ့ စစ်မှန်သောချီစွမ်းအားတွေလည်း ဘယ်လိုမှကို စုစည်းလို့ မရတော့ဘူး.. ”

ရီဒိုင်ဘက်က လူတိုင်းက ရုတ်ချည်းပဲ အော်ဟစ်ပါတော့တယ်..

ရီဒိုင်မျက်နှာကလည်း တမုဟုတ်ချင်း ပြောင်းလဲသွားခဲ့ပါတယ်.. ဘာလို့ဆို သူလည်း စစ်မှန်သောချီ စွမ်းအားတွေကို ဘယ်လိုမှ ထုတ်ဖော်လို့ မရတော့ဘူးလေ.. သူ့ လူတွေတင် မကပဲ သူကိုယ်တိုင်တောင် ဒန်တန် ထဲမှာ ဘာမှ မကျန်တော့ပါဘူး.. အားလုံးရဲ့ စစ်မှန်သောချီစွမ်းအားတွေက တစ်စုံတစ်ခုကြောင့် ချိတ်ပိတ် ခံထားရသလို နည်းနည်းလေးမှတောင် ခံစားစုစည်းလို့ မရတော့ပါဘူး..

ချန်လီရဲ့ မျက်နှာက ရုတ်ချည်းပဲ ပြောင်းလဲသွားခဲ့ပါပြီ..  မုဆိုးတစ်ယောက်ရဲ့ တစ်ဂတ်ဂတ် အော်ဟစ်သံနဲ့ ဆွဲဆောင်ခံလိုက်ရသူလို သူတို့တွေ ကျုံးသွင်းခြင်း ခံလိုက်ရတာပါ..
“ဂျန်ချန်.. မင်း မင်း.. အဆိပ်သုံးလိုက်တာလား.. ”

“အဟီး.. ဂုဏ်ယူပါတယ်.. မင်း ခန့် မှန်း တာ မှန် သွား ပြီ.. ချန်လီ ဟုတ်လား.. ကဲဆိုစမ်းပါဦး.. မင်းသဘောတူ ထားတဲ့ နှုန်းထားတွေက ဘယ်လိုဖြစ်သွားပြီလဲ.. ”
ဂျန်ချန် မျက်နှာထက်မှာ ခပ်မဲ့မဲ့ လှောင်ပြုံးတွေ ရှိနေခဲ့ပါပြီ..

ချန်လီ ပင်ကိုယ်စိတ် အစောပိုင်းက မောက်မာနေခဲ့တဲ့ မျက်နှာကြီးက အခုဆို ဖြူဖျော့လို့ နေပြီး အထက်စီး ဆန်ခဲ့တဲ့ မီးတောက်တွေက ရေအေးအေးနဲ့ ငြှိမ်းသတ်လိုက်သလို ရုတ်ချည်း ငြိမ်သက်လို့ သွားခဲ့ပါပြီ.. သူ့ မျက်နှာက အခုဆို တုန်လှုပ်ခြင်းတွေနဲ့ ပြည့်နှက်နေပါတယ်..
“ မင်း ငါ့ ကို သတ် ရဲ လုိ့ လား.. ငါသေသွားခဲ့ရင် အဖိုးတန်သစ်ပင်အဖွဲ့အစည်းက မင်းကို ဘယ်တော့မှ အရှင် ထားမှာ မဟုတ်ဘူး.. ”

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now