အပိုင်း(၁)

7.9K 261 26
                                    

( ဤဇာတ်လမ်းထဲတွင်ပါဝင်သော ဇာတ်လမ်း၊ ဇာတ်ကွက်များသည် စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

"စောလုကာ"..ဘဝသမားလေး။
ဟုတ်တယ် ။
ကျွန်တော်က တကယ့်ဘဝသမားလေးတစ်ယောက်ပါ။ အဘနဲ့အမိုး ဆုံးပါးသွားထဲက ညီမလေး မြနန်းဝေကို ကျုပ်တစ်ယောက်တည်းကျွေးမွေးစောင့်ရှောက်ခဲ့ရတာ။အိမ်ကလည်း အစဥ်မပြေသည်ကတစ်ကြောင်းမို့ ကျုပ်အတန်းပညာသည်လည်း ဆုံးခန်းမတိုင်ပဲ ၄တန်းသာအောင်ခဲ့သည်။
အဘက ဘကြီးစိုးတို့အိမ်တွင် စာရင်းငှားလုပ်သည်။
အမိုးကတော့ ရွာထဲကအိမ်တွေတွင် အဝတ်လိုက်လျှော်ပေးသည်။
နေစရာအတည်တကျမရှိတဲ့ ကျုပ်တို့မိသားစုကို ဘကြီးစိုးတို့ကကောင်းပေးရှာသည်။
ထို့အပြင် သူ့တို့ရဲ့ပျဥ်ထောင်အိမ်ကြီး၏အနောက်ခြံဘေးက သစ်သားအိမ်သေးသေးလေးတွင်ကျုပ်တို့မိသားစုကို အပိုင်ပေးထားသည်။

အဘနဲ့အမိုးကအမြဲပြောတယ် ဘကြီးစိုးရဲ့ကျေးဇူးတွေကဒီတစ်သတ်ဆပ်လို့မကုန်နိုင်ဘူးတဲ့။
ကျုပ်၄တန်းနောက်ဆုံး စာမေးပွဲဖြေရမယ့်နေမှာပဲ ကံကြမာရဲ့ဒဏ်ခတ်မှုကြောင့် အဘက လယ်ထဲရေတင်နေရင်း ပိုးထိပြီးဆုံးပါးရသည်။
အဘဆုံးပြီးလို့ ၅လလောက်ပဲကြာတယ် အမိုးကလည်းကျုပ်တို့ မောင်နှစ်မနှစ်ယောက်ကိုစွန့်ခွာသွားပြန်တယ်။
အဲ့တော့ ညီမလေးရှေ့ရေးရှိသေးတာမို့ ၄တန်းနဲ့ကျောင်းထွက် ...အဘလုပ်ခဲ့တဲ့စာရင်းငှားအလုပ်ကို ကျုပ်ပဲဆတ်ပြီးလုပ်ရတာပေါ့..။
ဘကြီးစိုးက ကျောင်းထားပေးပါ့မယ်ပြောတာတောင်ကျုပ်လက်မခံခဲ့ဘူး။ဘကြီးစိုးရဲ့ ကျေးဇူးတွေကအရမ်းများလွန်းနေပြီ မဟုတ်လား။
အခုဆိုကျုပ်အသက်၁၉နှစ်ပြည့်ပြီးပြီ။အကောင်နဲ့မလိုက်အောင် ထွားကျိုင်းနေတဲ့ကျုပ်က ရွာထဲကလူတွေရဲ့အကြည်ဓာတ်ကလေးပေါ့ဗျာ...ဒါပေမယ့်ရွာမြောက်ပိုင်းကလူတွေအတွက်ကတော့ ကျုပ်ကအနှိမ်ခံတစ်ယောက်သက်သက်သာ။ဒါပေမယ့် ကျုပ်ရည်းစား ညမွှေးရယ် ကျုပ်သူငယ်ချင်းလေးတွေဖြစ်တဲ့ အောင်တိုးနဲ့ ခင်လွှမ်းတော့မပါဘူး။သူတို့က ကျုပ်အပေါ်သိမ်းကောင်းရှာတာ။

ဒါကြောင့် အလုပ်လုပ်မယ်၊ ကျေးဇူးဆပ်မယ်၊ ညီမလေးကို မျက်နှာမငယ်ရအောင် ကျုပ်ထားမှဖြစ်မယ်။
ကျုပ်မှာ ရင်နင့်အောင်ချစ်ရတဲ့သူဆိုလို ဒီညီမလေးပဲရှိတော့တာမဟုတ်လား။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now