အပိုင်း(၂၇)

1.3K 79 6
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

" သားဘယ်အချိန်ထိ ဒီလိုထိုင်နေရမှာလဲ ညို.."

" ဒီတစ်လိတ်ကုန်ရင် လိုက်ပြမယ်.."

နက်ဆွေးနေသည့်ကြိမ်ကုလားထိုငိပေါ်တွင် ညီညီထည်ဝါပြည့်စုံထွန်းကိုထိုင်ခိုင်းထားပြီးမိုးညို ဆေးပေါလိပ်ကို တစ်လိတ်ပြီးတစ်လိတ်ထုတ်သောက်နေ၏။
အလုပ်သမားတွေကလည်း အလုပ်ကိုယ်စီနဲ့မို့ သူတို့အနားမှာ မရှိတော့ချေ။
မိမိ၏ အိမ်ကြီးကိုလိုက်ပြခိုင်းနေသည့်ကောင်လေးကြောင့် မိုးညိုအချိန်တွေဆွဲနေမိပြီ။
အမှန်ဆိုသူ...ညီညီကိုမယုံရဲသေးပေ။ထိုကောင်လေးသည် ပညာတတ်အသိုင်းအဝိုင်းကဖြစ်တဲ့အပြင် နိုင်ငံခြားပြန်တစ်ယောက်။တော်ကြာမှဖြင့်...သူ့ကိုစကားလုံးကြီးများဖြင့် အသဲခွဲသွားမှ အရက်သမားကြီးသည် ရုပ်ကြမ်းကြီးဖြင့်ငိုနေရပါလိမ့်မယ်။

အချိန်တော်တော်ကြာအောင် ထိုင်နေရသည်ကြောင့် ညီညီ၏တင်ပါးများပူလာသလိုခံစားရသည်။ညိုသည် ဆေးလိပ်ပြာခွက်အတွင်းမှ မယ်ဖူးတံဆိတ်ဆေးပေါလိတ်များကို တစ်လိတ်ပြီးတစ်လိတ်ထုတ်သောက်နေသည်။ညီညီကိုလည်းစကားတစ်ခွန်းမှမပြောပါပဲ လျစ်လျှူရှုပြီး နေသည်။ထုံးစံအတိုင်း ခတ်အေးအေးသာဆတ်ဆံတတ်သောညိုက အခုလည်းနဂိုအတိုင်းပင်ဖြစ်၏။

"ကျစ်!! ..တော်တော့ညို..ကြာရင်ကျန်းမာရေးကိုထိခိုက်မယ် ပြီးတော့..အဆုတ်တွေပျက်ဆီးမယ်.."

" မင်းအပူမပါပါဘူး..!"

" ဟာ..သားချစ်တဲ့ချစ်သူက ဆေးလိပ်ကို မုန့်စားသလို သောက်နေတာကို ဒီအတိုင်းထိုင်ကြည့်နေရလောက်အောင် သားမရူးသေးဘူးညို.."

" မိုးညိုလို့ပဲ ခေါ်.."

" ညို...ခင်ဗျားဘာဖြစ်နေတာလဲ အဖြေပြန်ပေးပြီးတဲ့ရက်ကစပြီးသားကိုဘာလို့ရှောင်နေတာလဲ..သားကိုမချစ်လို့လားဟင်.."

"........."

ဟင့်...!!

ရှိုက်သံထွက်ဘာတာကြောင့်မိုးညိုလှည့်ကြည့်သည်။ပါးပြင်ထက် တစ်လိတ်လိတ်စီးဆင်းလာသော မျက်ရည်အချို့ကိုမြင်ရပြန်တော့ စိတ်မကောင်းဖြစ်ရပြန်တယ်။အမှန်တော့.. မိုးညို ညီညီကိုချစ်ပါတယ်၊ ဖွင့်ဟပြီးထုတ်မပြရဲတာသာရှိသည်။
စောလုကာနဲ့ ကျောင်းဆရာလည်း အဆင်ပြေသွားကြပြီလို့ကြားတယ်။ဝမ်းလည်းသာသလို ၊ အားလည်းကျရပါတယ်။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now