အပိုင်း(၃၇)

1.3K 62 2
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

အဝါရောင်စိန်ခြယ်ပန်းခင်းကြီးအလယ်တွင်ဖြစ်သည်။
မြူခိုးများရစ်သိုင်းနေကာ ပတ်ဝန်းကျင်ကိုသေချာမမြင်ရအောင် ထူထပ်နေ၏။ထိုအဝါရောင်ပန်းခင်းကြီးအလယ်တွင် ကိုကိုထည်ဝါပြည့်စုံထွန်း ရပ်နေသည်ကိုသတိထားမိသည်။
သူဘယ်ကိုရောက်လာပြန်ပြီလဲ???
အခုချိန် သူကအိမ်မှာရှိနေရမှာမဟုတ်လား ၊ ဘာကြောင့် ပန်းခင်းအလယ်မှာရပ်နေရတာလဲ။

အတွေးတွေယောက်ယက်ခတ်ကာ ဟိုဟိုဒီဒီလှည့်ပတ်ကြည့်လိုက်တယ်။
မြူများရစ်သိုင်းနေသည်ကြောင့် ပတ်ဝန်းကျင်ကိုကောင်းစွာမမြင်ရ ၊ သို့ပေမယ့် အဝေးမှာရပ်နေသောလူပုံရိပ်တစ်ခုကြောင့် ထည်ဝါထိုနေရာသို့အလောသုံးဆယ်ပြေးသွားမိသည်။
ထိုပုံရိပ်ဆီ အမြန်သွားချင်ပေမယ့် အဝါရောင်စိန်ခြယ်ပန်းပင်များက တားဆီးနေသလို ၊ လိုရာခရီးကိုမရောက်ချေ။

ခြေလှမ်း၄၀လောက်လျှောက်အပြီးတွင် ရပ်နေသောပုံရိပ်သည် မိန်းကလေးတစ်ယောက်ဖြစ်မှန်းသိလိုက်တယ်။
ထည်ဝါအနားကိုလျှောက်သွားလိုက်တယ်။သူမသည် မီမီထည်ဝါပြည့်စုံထွန်း ဖြစ်သည်။

" မီမီ.. !!"

ထည်ဝါရဲ့ ခေါ်သံကြောင့် သူမလှည့်ကြည့်လိုက်တယ်။
ဒီနေရာလေးကအေးချမ်းလွန်းလို့ သူမငေးမောနေမိသည် ၊ သို့ပေမယ့် ခေါ်သံကြောင့်လှည့်ကြည့်မိတော့ မျက်ရည်အဝိုင်းသားဖြစ်နေသည့် ကိုကိုသည် တစ်စုံတစ်ယောက်ကိုမျှော်လင့်နေမှန်းသိသာသည်။

"ကိုကို...ဘယ်လိုရောက်လာတာလဲ..!!"

" မသိဘူး...ဒီနေရာဘယ်နေရာမှန်းမသိဘူး ညီမလေးနင်ဘာမှမဖြစ်ဘူးမလား ဟား ဟား ဟား ငါ့ညီမလေးဘာမှမဖြစ်ဘူး ၊ ငါ့ညီမလေးအသက်ရှင်ပြီကွ...ဒါနဲ့ အစော..အစောရော..!"

" အဲ...မသိဘူးလေ တစ်နေရာရာမှာရှိမှာပေါ့...လူခွဲပြီးရှာကြည့်ကြမလား.."

" အေး..အဲ့ဆို ငါဒီနားတစ်ဝိုက်လှည့်ရှာကြည့်လိုက်ဦးမယ်.."

အဝါရောင်စိန်ခြယ်ပန်းခင်းကြီးသည် မျက်စိတစ်ဆုံးဖြစ်သည်။ဒီနေရာကို သူရယ်မီမီရယ် ရောက်လာမှတော့ အစောလည်းရှိမှာသေချာတယ်..။
ကျီးကန်းတောက်မောက်လျှောက်ရှာပေမယ့် ချစ်ရတဲ့သူကိုမတွေ့သေး ၊ ထည်ဝါရင်တွေပူလောင်လာသည်။
မီမီထည်ဝါပြည့်စုံထွန်း တောင်ပင်ကိုယ်အတိုင်းပြန်ဖြစ်နေပြီမို့ အစောလည်းအဆင်ပြေကောင်းပြေနိုင်ပါရဲ့..။

ညီလေးတို့ ရွာ..(Completed)Where stories live. Discover now