အပိုင်း(၃၁)

1.2K 69 0
                                    

(ဤဇာတ်လမ်းတွင်ပါဝင်သောဇာတ်လမ်း၊ဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။)

Unicode

ဖြန်းးးးး!! ဖြန်းးးးးးး!!

အ့....!!

" မိန်းကလေးဖြစ်နေပြီး ရန်ဖြစ်ဦးမလားဟမ်!! ..ဖြန်းးးး...!!"

" အ့...မ...မဖြစ်တော့ပါဘူးအဘရဲ့..အဟင့်..အဟင့်..!!"

ဘကြီးစိုးသည် မီမီထည်ပြည့်စုံထွန်းကို အနောက်သို့လှည့်စေပြီး တင်ပါးကို လက်သန်းလုံးလောက်ရှိသည့် ဝါးစိမ်းတုတ်ဖြင့် အားပါပါရိုက်သည်။
ဘယ်နှယ်ဗျာ...မိန်းကလေးတန်မယ့် ရွာထဲရန်ဖြစ်ရတယ်လို့ ညမွှေးပန်းတို့ နုရည်တို့ဆို အမြဲရန်ဖြစ်နေတဲ့မနိုင်ကြောတွေ အဲ့ဒါကိုများသူကရွာဇော်သွားလုပ်တယ်။

" သေချာသလားနောက်ရန်မဖြစ်မှာ..!"

" သေ...သေချာသလိုတော့ရှိပါတယ်.."

" အေး ပြီးရော နောက်ထပ်ဖြစ်ရင်ဒီထက်ဆိုးမယ်..မဖြစ်သေးပါဘူး ငါ့ညီထည်ဝါထွန်းကိုဖုန်းဆတ်ပြီးသေချာပေါက်လှမ်းတိုင်ရမှာပဲ.."

ဝါးစိမ်းတုတ်ကိုပစ်ချကာ ဘကြီးစိုး ကုလားထိုင်ပေါ်တွင်ခဏထိုင်နေသည်။

" မြဒင်..!!"

" ဗျာ..သူကြီး.. !"

" ဗျာ ကိုအနောက်ထားခဲ့ လူကအရင်လာ..အရှေ့ဘက်က အင်တာနက်လိုင်းမိတယ်မလား သွား မြို့ကငါ့ညီထည်ဝါထွန်းကိုဖုန်းလှမ်းဆတ် မီမီထည်ဝါပြည့်စုံထွန်း ရန်ဖြစ်လို့ရိုက်ပြီးဆုံးမထားတယ်လို့ပြောလိုက် ...ငါရိုက်တာမကြိုက်ရင် ပြန်လာခေါ်လို့ပါတစ်ခါထဲပြောလိုက်ကွာ..!"

" ဟုတ်... သူကြီး.. "

ကိုမြဒင်က အမိန့်ကိုနာခံသလိုလုပ်ပြပြီး ဖုန်းကိုခါးကြားထဲထိုးထည့်ကာ အိမ်အောက်ကိုဆင်းသွားသည်။
မတ်တပ်ရပ်ကာ နာလွန်းသည်ကြောင့် သူမ၏တင်ပါးကိုလက်ဖြင့်အသာပွတ်ကာ မီမီကဆိုသည်။

" ကိုကိုနဲ့ အစောကို ကဲ့ရဲ့ပြောဆိုနေတာကို မီမီတော့ သည်းမခံနိုင်ဘူး ဘကြီးစိုး....လူတွေအမြင်ပွင့်အောင်လို့တော့ သမီးကလုပ်နေဦးမှာပဲ...အနုနည်းနဲ့မရရင် အကြမ်းနည်းသုံးရမှာပဲ...!"

ညီလေးတို့ ရွာ..(Completed)Waar verhalen tot leven komen. Ontdek het nu